ငယ်ကအချစ် နှစ်ပေါင်းတစ်ရာ

ငယ်ကအချစ် နှစ်ပေါင်းတစ်ရာ (စ/ဆုံး) လူတိုင်းမှာ နှလုံးသားတခုစီ ရှိကြတယ်။ ဒါပေမဲ့ ကျမဆီမှာ ရှိတဲ့ နှလုံးသားကိုတော့ ဖောက်ထုတ်ပစ်လိုက်ချင်သည်။ နှလုံးသားမရှိရင် အသက်ဆက်မရှင်နိုင်ဘူး ဆိုတာသိပေမဲ့ ကျမ ဆက်ပြီး မခံစားနိုင်တော့လို့ပါ။ ဒီလို ဆောင်းလေမြူးတဲ့ ညချမ်းအခါမျိုးဆို သာတောင် ဆိုးလှပါသည်။ ခုတင်တွေးရင် နှလုံးသားထဲ တဆစ်ဆစ်နာလှ၏။ တသက်မှာ တယောက်သာ ချစ်တယ်ဆိုတာ ကိုယ်တွေမို့ ကျမ လုံးဝယုံကြည်ခဲ့ပြီ။ ယနေ့ထက်တိုင် သူ့ရဲ့ ပုံရိပ်တွေ၊ သူ့ရဲ့စကားသံတွေ၊ သူ့ရဲ့အနံ့အသက်လေးတွေ၊ သူ့ရဲ့အထိအတွေ့တွေက ကျမ ကိုယ်ခန္တာနဲ့ နှလုံးသားကို လှည့်ပတ်လှောင်မြိုက်လို့ ကောင်းနေတုန်း။ ပူလောင်လွန်းလှတယ် ပြောမလား၊ သေချင်လောက်အောင် ဘဝကို စိတ်ကုန်စေတာလား ဆိုတာသေချာမသိ။ ယခုမှာတော့ သာ၍သာ ဆိုးနေလေပြီ။ ကျမဘဝမှာ သတိရ အမှတ်ရစရာ ညအချိန်တွေက… Continue reading ငယ်ကအချစ် နှစ်ပေါင်းတစ်ရာ