ဖူးရဲ့ လျို့ဝှက်ချက်

ဖူးရဲ့ လျို့ဝှက်ချက် မောင်မောင်မျိုးတစ်ယောက်တော်တော်ပျော်နေသည်။အခုချိန်တွင် ကမ္ဘာပေါ်မှာ စိတ်အချမ်းသာဆုံးလူစာရင်း ကောက်လိုက်ရင် သူထိပ်ဆုံးနားလေးကပင် ပါလာနိုင်သည်။ တကယ်ပေါက်ရင်တောင် အိမ်တစ်လုံးဝယ်လို့ မရနိုင်တဲ့ အောင်ဘာလေ သိန်း၁၅၀၀ ထီပေါက်တာထက်ပင်ပျော်နေရသည်ဟု ဆိုလျှင် လွန်အံ့မထင်။ အကြောင်းကား သူအလွန်အမင်းစွဲလမ်း ချစ်ခင်ရပါသော…….. ဖူးဖူး ဟုသူအမြတ်တနိုးခေါ်ဆိုအပ်သော မေမီဖူးဖူး ထံမှ ချစ်အဖြေ ကို အံ့သြတကြီး လက်ခံရရှိလိုက်သည်မှာ နာရီပိုင်းမျှသာရှိသေးသောကြောင့်ပင်။ အံ့သြတကြီး ဟူသောစာလုံးကိုရှင်းပါအုံးမည်။ တကယ်တော့ ကိုယ့်ချစ်သူ မိန်းကလေးထံမှ ချစ်အဖြေ စကားပြန်ကြားရသည်မှာ ဘာမှအံ့သြလောက်စရာတော့မဟုတ်။ သို့သော် မောင်မောင်မျိုး မျှော်မှန်းခဲ့မိသော မေမီဖူးဖူးမှာ သူ့တသက်တာ မြင်ဖူးသမျှထဲတွင်….မော်ဒယ်၊ မင်းသမီးတမျှ လှပသူလေးတစ်ယောက်ဖြစ်နေသောကြောင့်ပင်။ မောင်မောင်မျိုးကလည်း ရုပ်ရှိ ရေလျှံ ရှိုးကောင်းသူ တစ်ယောက်သာဆိုလျှင် အံ့သြစရာကိစ္စမဟုတ်သေး။ အနှီမောင်မောင်မျိုးမှာ သူလိုငါလို ရွက်ကြမ်းရေကျို ရုပ်ရည်သာပိုင်ဆိုင်သည်။ ငွေရေးကြေးရေးမှာလည်း… Continue reading ဖူးရဲ့ လျို့ဝှက်ချက်