အပျိုစင်လေး ထွေးထွေး (စ/ဆုံး) ခြံဝက ခေါင်းလောင်းသံကြားရလို့ ထွက်ကြည့်လိုက်တာ ခြံဝမှာ မိန်းကလေးသုံးယောက် အထုပ်အပိုးတွေနဲ့ ရောက်နေတာ တွေ့လိုက်ရတယ်။ ဘယ်သူတွေပါလိမ့်ဆိုတဲ့ အတွေးနဲ့ ခြံတခါးသော့ယူပြီး အိမ်ပြင်ထွက် ခြံဝသွားကြည့်လိုက်တာ မေနဲ့ပူစူးအပြင် ကျနော်မသိတဲ့ ခပ်ချောချော အသားဖြူဖြူ ကောင်မလေးတစ်ယောက်။ ဟိုညီအစ်မနှစ်ယောက်က ကျနော့်ကိုမြင်တာနဲ့ ဝမ်းသာသွားပြီး ထခုန်ကြတယ်။ ခြံတံခါးဖွင့်ပေးပြီး အိမ်ထဲခေါ်လာ ဧည့်ခန်းထဲရောက်မှ “သူက ဘယ်သူလဲ” လို့မေးရတယ်။ ကျနော် မေး ဆတ်ပြတာကို မေက “ညီမတို့ရွာက သူ့မိဘဆုံးလို့ အဒေါ်အိမ်နေတာ အဒေါ့်ယောက်ျား နှိပ်စက်လို့ ညီမတို့လည်း ရန်ကုန်လာမယ် ဆိုတော့ သူကလည်း အလုပ်လုပ်ရအောင် လိုက်လာတာ” ဆိုပြီးရှင်းပြတယ်။ “အေး နာမည်က” ဆိုတော့ ကောင်မလေးက “သမီးနာမည် ထွေးထွေးလို့ ခေါ်ပါတယ် ” လို့ ပြန်ဖြေတယ်။ […]