အပျံ သင်စရွယ်

အပျံ သင်စရွယ် (စ/ဆုံး) ကလင် ကလင် ကလင်…. စက်ဘီးဘဲလ်သံကြားလို့ ဒေါ်ကျော့ခိုင်ခေါင်းလေးမော့ကြည့်မိသည်။ “အန်တီရေ ဇွဲမာန်ရှိလား” “ရှိတယ် သမီးရေ အပေါ်ထပ်မှာ ပစ္စည်းတွေထည့်နေတယ် သားရေ အောက်ဆင်းခဲ့ဦး ဒီမှာ အေးမြလေး ရောက်နေတယ်” “ဟုတ် လာပြီ အမေရေ” အမေ့ကို အသံလှမ်းပြုရင်း စာအုပ်တချို့ကို သေတ္တာထဲထည့်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။ “အေးမြ ထူးထူးဆန်းဆန်း ဘာလဲဟ” “နင်မနက်ဖန်ကျောင်းသွားတော့မှာလေ အဲ့ဒါငါ့ကို မုန့်လိုက်ကျွေးဦး” “ဟာ…နင်ကလည်း ပစ္စည်းတွေသိမ်းလို့မပြီးသေးဘူးဟ” “လာပါဟာ ငါလွမ်းနေရမှာ ခဏလေး တနေရာသွားထိုင်ရအောင်ဟာနော် လာပါ ဇွဲမာန်ရာ” ချစ်သူရဲ့ အသံတိမ်ဝင်သွားပြီး မျက်ရည်လေးတွေဝိုင်းလာတော့ ကျနော်လည်း မနေနိုင်တော့ပြီ။ “အမေရေ သား အေးမြနဲ့ အပြင်ခဏသွားဦးမယ် ” “အေး အေး အရမ်းမကြာနဲ့နော် လုပ်စရာတွေရှိသေးတယ်”… Continue reading အပျံ သင်စရွယ်