အားမရဘူးမရဘူး….နာတယ်

အားမရဘူးမရဘူး….နာတယ် (စ/ဆုံး) ဟယ်.င့ါပန်းပင်လေးတွေကုန်ပါပြီ မေမေ မေမေ.လာပါအုန်း.ဒီမှာ `ဇာလေး´ ပန်းပင်လေးတွေ ကုန်ပြီ´´ အိမ်ရှေ့ပေါ်တီအောက်မှ စီကနဲထွက်ပေါ်လာသော အသံစူးစူးလေးကြောင့် ပန်းပင်တွေကြား ငုတ်တုတ်ထိုင်၍ နှင်းဆီအိုးတွေအောက်တွင် အုတ်ခဲတွေခုနေသော မြင့်ကျော်တစ်ယောက် လှမ်း၍ကြည့်မိလိုက်သည်။ပြီးတော့ သူ့မျက်နှာက တဖြေးဖြေးပြုံးဖြီးဖြီးကြီးဖြစ်လာသည်။ “တော်တော်လှတာပဲဟင်း´´ အသက်(၁၈)နှစ်အရွယ် ဖြူဖြူဖွေးဖွေး ကောင်မလေးတစ်ယောက်ခုန်ဆွခုန်ဆွနှင့်စပ်မထိဖြစ်နေသည်။ ထိုစဉ်မှာပင် အိမ်ထဲမှအသက်လေးဆယ်အရွယ် ဖြူဖြူ၀၀အမျိုးသမီးကြီးတစ်ယောက်ထွက်၍လာသည်။ “ဟဲ့ သမီး.ဘာဖြစ်နေတာလဲ´´ “ဒီမှာ မေမေ မတွေ့ဘူးလား.သမီး ဇီဇဝါပင်တွေ ငုတ်တိုပဲကျန်တော့တယ်ဟိုတောသားလက်ချက် မဟုတ်လား.´´ ဇာလေးဖြူ ငိုသံပါနှင့်ပြောနေသည့်ကြားက နောက်ဆုံးစကားတွင်ဒေါသသံက ပါလာသည်။ မြင့်ကျော် အုတ်ခဲတစ်လုံးကိုလှမ်းယူရင်း ဇက်ကလေးပုသွားသည်။ “ဟယ်ဇာလေးကလဲ.မေမေခိုင်းလို့သူလုပ်ရတာဘဲကွယ်သမီးပန်းပင်တွေကလဲပြန်ပြီးတက်လာမှာပဲဟာနောက်ပြီး ကိုယ့်အစ်ကိုဘဲ တောသား တောသားနဲ့ မခေါ်ပါနဲ့သမီးရယ်´´ “ဟွန်း´´ ဇာလေးဖြူ မျက်စောင်းခဲ၍ နှုတ်ခမ်းစူပစ်လိုက်သည်။ ထိုအချိန်မှာပင် အိမ်ကြီးအတွင်းမှ အသံသြသြကြီးဖြင့် ယောင်္ကျားကြီးတစ်ယောက်၏အသံထွက်၍လာသည်။ “သမီး.ဇာလေး.ခဏလာအုန်း´´… Continue reading အားမရဘူးမရဘူး….နာတယ်