လူကြီးဖတ်စာ

ကလေးဆိုးကြီးမောင်

ကလေးဆိုးကြီးမောင် “ငြိမ်းငြိမ်းရေ””ရှင်မေမေ””ညည်းကောင်လေးလာတယ်၊ ငါဘာပြောလိုက်ရမလဲ””မရှိဘူးလို့သာပြောလိုက်ပါ မေမေ””ဟင်.ဘာဖြစ်လို့တုန်း””ဘာမှမဖြစ်ပါဘူး မေမေ” “အေးအေး.ငါပြောလိုက်မယ်” ကျမအိပ်ခန်းထဲဝင်ပြီးငိုချလိုက်တယ်။ “ကျမရင်တွေကွဲခဲ့ရပြီမောင်၊ မောင့်ကိုမချစ်လို့မဟုတ်ပါဘူး မောင်ရယ်၊ မောသ့်ဘဝတက်လမ်းအတွက်. မ.ဘဝအပျက်ခံပါ့မယ်” ကျမလေ. AGTI(မြို့ပြ)ဘာသာရပ်တက်ရင်း အဝေးသင်နှင့် ကျောင်းပြီးခဲ့တယ်နှင့် ကျောင်းပြီးတော့၊ ကလေးတွေစာပြခဲ့တယ်။ နောက်တော့ စာရင်းကိုင်ပါတက်ရင်း အလုပ်လည်း ဝင်လုပ်ခဲ့သေးတယ်။ ကျောင်းတက်တုန်းကတော့ သူများတွေရည်းစားထားတော့ ကျမလည်း ရည်းစားထားခဲ့သေးတယ်။ ချစ်ခဲ့သလားဆိုတော့ ကျမသူ့ကို မချစ်ခဲ့ဘူး။ နောက်တော့ ကျမတို့မြို့ကို ဆောက်လုပ်ရေးလုပ်တဲ့သူဌေးက ရောက်လာတော့။ “ဟေ့ နင်က AGTI ပြီးပြီးသားဆို” “ဟုတ်ကဲ့ရှင့်” “နင်.ဒီမြို့သေးသေးမှာ ဘာလုပ်နေလဲ၊ စာရင်းကိုင်သင်တန်းလည်းပြီးပြီဆိုတော့ ရန်ကုန်ကိုလာခဲ့၊ ဟိုမှာ တိုးတက်ရာတိုးတက်ကြောင်း လုပ်ပါလား” “ဆရာအလုပ်ခန့်ရင် ကျမလာချင်တာပေါ့” “အေး.နင်လာရင် လက်ထောက်မန်နေဂျာ ရာထူးပေးမယ်” ကျမလည်း တစ်ရွာမပြောင်း သူကောင်းမဖြစ်ဘူးဆိုပြီး ကျမလည်း ရန်ကုန်ကိုတက်ခဲ့တယ်လေ။ […]