လူကြီးဖတ်စာ

ကားပေါ်က ကောင်ဆိုးလေး

ကားပေါ်က ကောင်ဆိုးလေး ကားအချိန်အကြာကြီးစီးရမှာကိုတွေးပြီး ကျွန်မရင်မောမိတယ်။ ကားစီးရင် ကျွန်မက မူးတက်တယ်လေ။ ကားထွက်ခါနီးမှ ကားပေါ်တက်ထိုင်တယ်။ ပြူတင်းပေါက်ကိုဖွင့်ထားပြီး ခေါင်းကို အပြင်နဲနဲထုတ်ထားလိုက်တယ်။ ဘေးခုံက လူမရှိတေါ့ နေရတာချောင်ချောင်ချိချိပဲ ။ “အးးးး” ကားစထွက်မှလူတစ် ယောက်ပြေးတက်လာပြီး ကျွန်မ ဘေးမှာ ဝုန်းဆို ခပ်ကြမ်းကြမ်းထိုင်ချလိုက်တယ်။ ပြီးတော့ sorryပါလို့ ကျွန်မကိုတောင်းပန်တယ်။ သူ့ပုံစံကြည့်ပြီး  ကျွန်မလည်း စိတ်ပြေလိုက်တာပေါ့။ မြင့်မားသောအရပ်နှင့်လိုက်ဖက်စွာ ခန္ဓာကိုယ်က ကြံ့ခိုင်တောင့်တင်းသည်။ ကားမီးရောင်အောက်မှာ အသားအရည်က  ဝင်းနေသည်။ ထူထဲတဲ့မျက်ခုံး နှာတံချွန်ချွန် သေသပ်တဲ့နှုတ်ခမ်း လေးထောင့်ဆန်တဲ့မေးရိုးတွေနဲ့ဖွဲ့စည်းထားတဲ့ သူ့ပုံစံလေးက ကျွန်မထက် ၄နှစ် ၅နှစ် တော့ ငယ်မည်ထင်ပါသည်။ အလန်းစားလေးနဲ့တစ်ညလုံးကားတူတူစီးရမယ့်အရေးကို တွေးပြီး ကားမူးတောင်ပျောက်သွားသလိုပဲ။ ကားပေါ်မှာပြတဲ့ မြန်မာကားကို ကြည့်နေတုန်းသူက စကားစပြောလာသည်။ “ရန်ကုန်ထိလား အစ်မ” “အင်း…. မင်းရော”  […]