လူကြီးဖတ်စာ

ကိုကြီးရဲ့ စိမ်း

ကိုကြီးရဲ့ စိမ်း တစ်နေ့သောအခါ ရန်ကုန်မြို့နဲ့များစွာမဝေးလှသော ဆင်ခြေဖုန်းဒေသရှိ အိမ်ဆိုင်လေးတစ်ဆိုင်၏ရှေ့တွင်တက္ကစီတစ်စင်း ဆိုက်ရောက်လာကာ ကားပေါ်မှ အသက် ၂၅ နှစ်အရွယ်လူငယ်တစ်ဦး အထုပ်အပိုးတွေနှင့် ဆင်းလာပါသည်။ ထိုလူငယ်လေးသည် ကားခကိုရှင်းပေးရင်း အထုပ်အပိုးများကို လက်နှစ်ဖက်ဖြင့် မနိုင်မနင်းဆွဲလာကာ အိမ်ရှေ့ အရောက်တွင်။“ မေမေ ရေ..မေမေ..သားပြန်လာပြီ ” လို့ အသံပြုလိုက်ရာ အထဲမှ ကောင်မလေးတစ်ယောက် ပြေးထွက်လာပြီး“ မေမေကြီးရေ ကိုကြီး ပြန်လာပြီ ” လို့ ဆိုရာ ကိုကြီးလို့ အခေါ်ခံရသော ထိုလူငယ်လေးသည် လာကြိုသောကောင်မလေးအား နားမလည်သလို တစ်ချက်ကြည့်လိုက်ပြီး“ ဟဲ့..နေစမ်းပါဦး..နင်ကဘယ်သူလဲ ”“ ဟို.. ဟို… ”“ ပြောလေ နင့်ကိုငါအရင်တစ်ခေါက်က မတွေ့ပါဘူး ” လို့ မေးခွန်းထုတ်နေတုန်း။ “ ဟယ်.. ငါ့သားလေး ပြန်လာပြီတော်.. ဒီတစ်ခါတော့ […]