လူကြီးဖတ်စာ

ကိုသာဟန်

ကိုသာဟန် ကျုပ်နံမယ်က သာဟန်ပါ။ နေတာက မြစ်ဝကျွန်းပေါ်ဒေသက ဇရက်ကုန်း ဆိုတဲ့ ရွာကြီးမှာပါ။ ဇရက်ကုန်း ရွာက ဒေးဒရဲ နယ်ထဲမှာပါ။ ကျုပ်အသက်က အခုဆို ၄၅ နှစ်ထဲ ရောက်နေပါပြီ။ ဒါပေမယ့် ငယ်ငယ်ထဲက လယ် အလုပ်၊ ချောင်းအလုပ်တွေကို လုပ်ခဲ့တဲ လူဆိုတော့ ခန္ဓာကိုယ်က တောင့်တောင့်တင်းတင်း ရှိပါတယ်။ ပြီးတော့ အရက်ကို စွဲစွဲမြဲမြဲ မသောက်တတ်ပဲ တခါတရံမှ အနည်းငယ်သာ မသောက်မဖြစ်တော့မှ သောက် တတ်တော့ အခု ချိန်ထိ တော်ရုံလူငယ်တွေတောင် ကျုပ်ရဲ့ သန်မြန်မှုကို မမှီပါဘူး။ အသားအရောင်ကတော့ ခပ်ညို ညိုပါ။ အရပ်က ပုတဲ့ အရွယ်အစားထဲ မပါပါဘူး။ အဲ….တစ်ခုပြောဖို့ ကျန်သေးတယ်။ အဲဒါက ကျုပ်ကို တစ်ရွာလုံးက လက်မြန်သာဟန်လို့ […]