လူကြီးဖတ်စာ

ကိုးတန်းကျောင်းသူ လင်းလဲ့ဖြူ

ကိုးတန်းကျောင်းသူ လင်းလဲ့ဖြူ (၉) တန်းကျောင်းသူ “လင်းလဲ့ဖြူ” ဆိုလျှင် အ.ထ.က(၅) တစ်ကျောင်းလုံး မသိသူမရှိပေ။ လင်းလဲ့ဖြူက စာတော်ရုံသာမက  အသားဖြူဖြူလေးနှင့် ချောလဲချောလှလဲလှသည်။ ကျောင်းမှာဘာဖွင့်ပွဲအခမ်းအနား ဘဲရှိရှိ လင်းလဲ့ဖြူက ဗန်းကိုင်အဖြစ် အရွေခံ ရသည် ချည်းပင်ဖြစ်သည်။ လင်းလဲ့ဖြူနေတာကလည်း ကိုယ်ပိုင်ခြံဝန်း ကိုယ်ပိုင်တိုက် ကိုယ်ပိုင်ကားနှင့်ဖြစ်၍ ဘဝလှသော လင်း လဲ့ဖြူဟု ပင်ဆိုရမည်ဖြစ်ပါသည်။ အလှတရားဟူသည် ရုပ်ပိုင်းဆိုင်ရာ အပြင်ပန်း အနေအထားအရ သုံးသပ်ပြောဆိုနိုင်သော  အရာဖြစ်ပေသည်။   မှန်သည်….. လင်းလဲ့ဖြူတစ်ယောက် အများအားကျအောင် အပြင်ပန်းအနေအထားတွင် မည်သို့ပင်အလှ  တရားတွေ ဝေဆာနေပါစေ အတွင်းသဏ္ဍာန် စိတ်ပိုင်းဆိုင်ရာတွင်တော့ လင်းလဲ့ဖြူ တစ်ယောက် မလှနိုင်ပေ။ လင်းလဲ့ဖြူ၏ ဖခင် မှာ မနှစ်က လင်းလဲ့ဖြူ (၈)တန်းအရောက် မိခင်ဖြစ်သူနှင့် ကွာရှင်းပြီး အိမ်မှထွက်သွားခဲ့ သည်မှာ […]