လူကြီးဖတ်စာ

ကောင်းတာထက်တောင်ပိုသေးတယ်ရှင့်

ကောင်းတာထက်တောင်ပိုသေးတယ်ရှင့် ပွမ်….ပွမ်….” “ လာပြီ….လာပြီ..” “ ကျွီ……….” အိမ်ရှေ့မှ ကားဟွန်းသံကြားရပြီး မမြလေး၏ အသံနှင့်အတူလမ်းလျှောက်သွားသံ၊ အိမ်တံခါးဖွင့်သံတို့ကို တစ်ဆက်တည်း ကြားလိုက်ရသဖြင့် အိပ်မောကျနေသော ကိုလင်းတစ်ယောက် အိပ်ရာမှ လန့်နိုးသွားရသည်။ ဘာတွေ လုပ်နေကြသလဲ သိချင်သဖြင့်အိပ်ခန်းတံခါးကို အသာဟ၍ ကြည့်လိုက်ရာ အထုပ်အပိုးများနှင့်အိမ်ရှေ့ ထွက်သွားသော ကိုစိုးမြင့်တို့လင်မယားကိုလှမ်းတွေ့လိုက်ရသောကြောင့်တံခါးကိုအသာပြန်စေ့ထားလိုက်သည်။ ညက ကိုလင်းတစ်ယောက်အတော်ညဉ့်နက်မှ အိမ်ပြန်ရောက်သဖြင့်ကိုစိုးမြင့်နှင့်မမြလေးတို့လင်မယား နှစ်ယောက် ယခုကဲ့သို့ ခရီးသွားမည်ဆိုတာ မသိလိုက်ခြင်း ဖြစ်သည်။ ကိုလင်းရင်ထဲမှာ ဝမ်းနည်းသလိုလို ဖြစ်သွားရပြီး ဟာတာတာ၊ ဆာတာတာ ဖြစ်နေရသည်။ ကိုစိုးမြင့်နှင့်မမြလေးတို့ လင်မယားကို ကြည့်ပြီး မနာလို ဝန်တိုစိတ်များကလည်း ပေါ်ပေါက်လာခဲ့သည်။ကိုလင်းအနေဖြင့်သူ၏စိတ်ထဲမှဤသို့ဤပုံဖြစ်နေသည်များကိုကား ကိုစိုးမြင့်တို့လင်မယားအနေဖြင့်သိချင်မှ သိပေလိမ့်မည်။ ယခုကဲ့သို့ကိုစိုးမြင့်တို့လင်မယား အတူသွားအတူလာ၊ အတူစား အတူအိပ်ကြသည်ကို ကြည့်မိတွေးမိတိုင်း ကိုလင်းရင်ထဲမှာ သဝန်တိုစိတ်၊ ဝမ်းနည်းစိတ်၊ […]