လူကြီးဖတ်စာ

ကြက်ခြေခတ်အလွမ်းနဲ့လွမ်းရပ်ရာသီ

ကြက်ခြေခတ်အလွမ်းနဲ့လွမ်းရပ်ရာသီ (ဖြစ်ရပ်မှန်ကို အခြေခံပါသည်) သြော် ဘာလိုလိုနဲ့ ရွက်ဟောင်းကြွေလို ရွက်သစ်တောင်ဖူးနေပါပြီ နေညိုချိန်အိပ်တန်းတတ်လို့ဌက်လေးတွေတေးဆိုနေတာ ငါ့အတွက်အလွမ်းဆုတွေလား မတွေ့တာကြာလို့ နင့်ငါ့ကို သတိရရဲ့လားဟာ နင့်မရှိပဲ ငါ့ကျောင်းတတ်နေရတာ ငါ့မပျှော်ပါဘူး ခက်ခက် ရယ် နင့်နဲ့ နောက်ဆုံးတွေ့လိုက်ရတဲ့ ၉တန်း အောင်စာရင်းထွက်တဲ့နေ့ ငါမှတ်မိနေတုန်းပါပဲ ခက်ခက် ရယ် စာမေးပွဲအောင်လို့ ပျှော်နေတဲ့အချိန် နင့်မျက်နှာမကောင်းလို့ ငါမေးမိခဲ့တယ် ခက်ခက် နင်ဘာဖြစ်နေတာလည်းဟာ မင်းမြတ် ငါ့အဖေ သူ့ဇာတိ မန္တလေးမှာ အခြေချတော့မယ်တဲ့ ငါ့တို့ဝေးနေရတော့မယ်ဟာ အဖိုးနဲ့အဖွါးကလည်းအသက်ကြီးပြီဆိုတော့ အဖေ့ကို အနားမှာလာပြောင်းနေဖို့ပြောကြလို့ ငါ့မိဘတွေ နဲ့အတူတူငါ့လိုက်သွားရတော့မယ် အတန်းအတူတူငါ့တို့တတ်ခဲ့ရတယ် ခင်မင်ကြတယ် သူငယ်ချင်းတွေထဲမှာ ငါဆိုးသမျှအနစ်နာခံဆက်ဆံတာနင်ပဲရှိခဲ့တာပါ ငါ့ဘဝမှာ အချစ်ဆုံးသူငယ်ချင်းကနင်ပါပဲ မင်းမြတ် ရယ် အချစ်ဆုံးသူငယ်ချင်းတဲ့လား ခက်ခက်ရယ် ငါ့ချစ်နေတာမသိတာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား ခက်ခက်ရယ် […]