လူကြီးဖတ်စာ

ကြုံတုန်းဆုံတုန်း

ကြုံတုန်းဆုံတုန်း ကိုတွတ်ကြီးသည် လက်မှနာရီကိုတစ်ချက်ကြည့်လိုက်ပြီး ခပ်သုတ်သုတ်လမ်းကိုဆက်လျောက်နေသည်။ အချိန်က ညနေငါးနာရီကျော်ကျော်သာရှိသေးသော်လည်း မိုးသာများအုံဆိုင်နေသောကြောင့် အမှောင်ဘက်သို့ သန်းနေတော့သည်။ ပန်းဆိုးတန်းရှိ ကုမ္ပဏီတစ်ခုတွင် ရုံးဝန်းထမ်းတစ်ဦးအဖြစ် အလုပ်လုပ်သူဖြစ်သည်။ ကိုတွတ်ကြီးသည် တကောင်းကြွက် လူပျိုသိုးကြီးဖြစ်သည်။ အသက်က ၃၅ အသားဖြူဖြူ အရပ်မြင့်မြင့်နှင့် ကြည့်ကောင်းသူတစ်ဦးဖြစ်သော်လည်း ယနေ့တိုင် တကိုယ်တည်းလူပျိုကြီးဘဝဖြင့်သာရှိသဖြင့် ရင်းနှီးသူများ က လူလည်ကြီး ပါတ်စားနေသူကြီးဟု အကြောင်းသိချင်းစကြသည်။ ဒီနေ့ကိုတွတ်ကြီးတစ်ယောက် မန်နေဂျာအမကြီးနှင့်အဆင်မပြေဖြစ်သောကြောင့် ခပ်ညစ်ညစ်ဖြင့် ခွက်ပုန်းဆိုင်ဝင်ကာ နည်းနည်းဝင်ကစ်နေသဖြင့် နည်းနည်းနောက်ကျနေခြင်းဖြစ်ပေသည်။ မြို့သစ်ဆင်ခြေဖုန်းရပ်ကွက်သို့ပြန်ရန်။ ဆူလေမှတ်တိုင်းတွင်များပြားလှသောလူအုပ်နှင့်အတူရော၍ကိုတွတ်တစ်ယောက်ခပ်ထွေထွေနှင့်ကားစောင့်နေမိသည်။ မကြာမီ ဘီအမ်တစ်စီးဆိုက်လာ၍ ခပ်သွက် သွက်တက်လိုက်သည်။ နောက်ဆုံးခုံးနှင့်နံရံကြားဒေါင့် နှစ်ပေခန့်သောဂျောင်လေတွင်လွတ်သဖြင့် အသာရပ်ရင်း အပြင်ဘက်ကိုငေးမော၍ ပါတ်ဝန်ကျင်ကို ခဏမေ့နေမိသည်။ ဟိုဘက်ဒေါင့်ကအကို လက်လွယ်ရင် ကားခလှမ်းမယ် အိပ်ကပ်ထဲကအကြွေးကို ကပျာကယာထုတ်ပေးရင်း စိတ်ထဲက စပါယ်ယာကိုကျိန်ဆဲလိုက်မိသည်။ မောင်း ဆရာရေ့။ […]