လူကြီးဖတ်စာ

ချစ်မြဲချစ်လျက်

ချစ်မြဲချစ်လျက် “မသစ္စာ” “ရှင်…ကိုအေး” “ကျနော်..မသစ္စာ..ကို.ချစ်တယ်” “သိပါတယ်..ကိုအေး…ဒါပေမယ့် သစ္စာအကြောင်း ကိုအေးဘယ်လောက်သိလို့လဲဟင်” “ကျနော်သိသင့်သလောက်သိပါတယ်၊ မသစ္စာက အပျိုမဟုတ်ဘူး.. တစ်ခုလပ်ဆိုတာလေ” “ဟုတ်တယ်..ကိုအေး အဲဒါတွေကအမှန်ပဲ” “နောက်ပြီး မသစ္စာယောက်ျားကို ကျနော်မြင်ဖူးပါတယ်” “အော်..ဟုတ်လား” “ဟုတ်တယ်မသစ္စာ၊ ဒီလူက.လူယုတ်မာပဲ” “ဘာဖြစ်လို့လဲ” “မသစ္စာတို့အကြောင်းတွေလူတကာကိုလည်း ပြောနေတာ၊ အဲဒါမသစ္စာသိလား” “သိပါတယ်” “ဗျာ” “ဘာလဲ ကိုအေး.. သစ္စာကိုစိတ်ပျက်သွားပြီ မဟုတ်လား” “အဲလိုမဟုတ်ပါဘူးဗျာ၊ ကျနော်မသစ္စာကို လက်ထပ်ပါရစေ” “ကိုအေး..သေချာစဉ်းစားပြီးမှ ကျမဘဝကိုဝင်ခဲ့ပါ၊ ရှင်ပြန်ရုတ်သိမ်းချင်လဲ ဖြစ်ပါတယ်” “မဟုတ်ဘူး..မသစ္စာကျနော်မသစ္စာကိုချစ်တယ်။ အဲဒါတွေသိနေတာကြာပါပြီ၊ ကျနော်သေသေချာချာ စဉ်းစားပြီးမှကို ချစ်ရေးဆိုခဲ့တာ၊ အခုလက်ထပ်မယ်” “..သေချာလေးစဉ်းစားပါ.၊ သစ္စာ..ဘဝက တခုလပ်ကနေ နှစ်ခုလပ်နှစ်လင်ကွာဘဝ မဖြစ်ချင်ဘူး” “မသစ္စာ..ကျနော်လူကြီးစုံရာနှင့်လာတောင်းမှာပါ” “မဟုတ်ဘူး ကိုအေးသစ္စာလည်း ကိုအေးကို သဘောကျပါတယ်၊ ဒါပေမယ့် သစ္စာအကြောင်းကို သစ္စာသေချာရှင်းပြမယ်၊ […]