လူကြီးဖတ်စာ

ချစ်သောဇနီး

ချစ်သောဇနီး ဖြစ်ရပ်မှန်……… လွန်လေပြီးသော နှစ်များစွာအချိန်က… ” ဟယ်လို….ဟယ်လို….. အေး ကြားလား သူငယ်ချင်း” ” အေး…ကြားတယ်..” ” မင်းဒီညနေအားလား” “ဘယ်ရောက်နေလဲ..အားတယ်” ” ဒါဆိုလာခဲ့ကွာ…တောင်ဥက္ကလာက ဟိုတခါ ထိုင်ဖူးတဲ့ဆိုင်ကို” ” အေးအေး…၇ နာရီလောက်လာခဲ့မယ်” “မိန်းမရေ…ရေချိုးတော့ကွာ ၅ နာရီတောင်ထိုးပြီ” ကျနော့်မိန်းမကတီဗီကြည့်နေရင်း လှမ်းပြောတယ်လေ။ “ဘယ်သွားအုံးမလို့တုန်း…သောက်ချင်အိမ်မှာဘဲ သောက်ပါလားကိုရယ်” “အာ…ဒီနေ့အလုပ်ကိစ္စပြောစရာရှိတယ်… ဟိုကောင်နဲ့လဲ ချိန်းထားလို့… အေးဆေးလဲ ဆိုင်မထိုင်ရတာကြာပြီကွာ… လိုက်ခဲ့..” မိန်းမကတီဗီကြည့်နေရာကနေထပြီး…. “ဒါဆိုလဲခဏစောင့်.. ရေချိုးပြီး အင်္ကျီလဲလိုက်အုံးမယ်” ဟုပြောကာ ထမိန်စွန်တောင်ဆွဲပြီး အိမ်နောက်ဖေးကို ဝင်သွားတယ်။ ၂၅ မိနစ်လောက်ကြာတဲ့အချိန်မှာ သူရေချိုးခန်းကထွက်လာပြီး ရေသုပ်နေတော့ ကျနော်လဲ ရေချိုးခန်းဝင်ပြီး ရေချိုးလိုက်တယ်။ ကျနော်ရေချိုးခန်းကထွက်လာတော့ သူအဝတ်ဘီရိုကို ဖွင့်ပြီး ဝတ်စရာတွေရွေးနေတယ်လေ… ကျနော်က ရေသုပ်ရင်း……. […]