လူကြီးဖတ်စာ

ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မူး

ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မူး ရေမိုးချိုးအဝတ်အစားလဲပြီး ဘောလုံးပွဲကြည့်ဖို့ ဦးချိန်တီ လက်ဖက်ရည်ဆိုင်ဘက်ထွက်လာတော့ပဲ။ အချိန်က ညဆယ်နာရီရှိနေပြီဖြစ်သည်။ သည်နေ့က မီးပျက်ရက်ဖြစ်သောကြောင့် တစ်လမ်းလုံး မှောင်မဲနေသည်။ မီးစက်ထွန်းဖို့နေနေသာသာ မီးလာရင်တောင် ထွန်းဖို့အိမ်ရှေ့ မီးတိုင်မရှိသည့် သူ့ရွာထဲက အိမ်တွေ သည်အချိန်ဆို တစ်ရေးတောင် ရနေလောက်ကြပြီ။ မအိပ်သေးတဲ့ အိမ်တစ်ချို့မှ ဖယောင်းတိုင် မီးရောင်ကလည်း မှိန်ပြပြသာ….. လရောင်ကိုပဲ အားကိုးလို့မရတာရယ် အရေးအကြောင်းရယ်မှာ သုံးဖို့ သုံးတောင့်ထိုး ဓာတ်မီးကတော့ မပါမဖြစ်ပေ၊ သည်နေ့ သိပ်ကြိုက်ရသည့် အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးအသင်း မန်ချက်စတာယူနိုက်တက်ပွဲရှိ တာကြောင့် သိန်းဝင်းတစ်ယောက် တစ်မနက်လုံး ယောက်ယက်ခက်နေတာဖြစ်သည်။အလုပ်မှာ ဘာလုပ်လုပ် ကပျက်ကချောနှင့် အလွဲလွဲအချောချော ပျာပျာသဲလဲ ဖြစ်နေသည့်သူ့ကို ဝပ်ရှော့ဆရာ ကိုတောကြီးတို့က ဆဲရတာလည်း အာပေါက်မတက် ပင်ဖြစ်နေမှာသေချာသည်။ ရွာလယ်မှာ ဖွင့်ထားသည့် […]