လူကြီးဖတ်စာ

ငတ်ကြီးကျတဲ့ ဘကြီးလှ

ငတ်ကြီးကျတဲ့ ဘကြီးလှ လွန်ခဲ့သော ၂ နှစ်ခန့်က ဦးသာလှမိန်းမ မအုံးရှင် သားအိမ်ကင်ဆာရောဂါ နှင့် ကွယ်လွန်ခဲ့သည်။မအုံးရှင် မကွယ်လွန်ခင်ကပင် ဦးသာလှတို့နှင့်တဆက်တည်း ရှိနေသော မြေကွက်ကိုဝယ်ယူ၍ ၂ ခန်း ၃ ခန်း မြေစိုက်အိမ်တစ်လုံးဆောက်ပေးကာ မရင်မေ ကိုနေထိုင်စေသည်။ခြံက ပေတစ်ရာပတ်လည်ကျယ်ဝန်း သဖြင့် ထိုခြံထဲတွင် သနပ်ခါးပင်များ စိုက်ပျိုးထား၏။မရင်မေက စိုက်ပျိုးရေးဝါသနာပါသည်။ဆယ်တန်း အောင်ပြီးလည်းဖြစ်၏။မေထုန်နို့စားနွားမ သုံး ကောင်လည်းရှိသည်။  ထို့ကြောင့် သူတို့ တူဝရီးမှာ ဤရွာတွင် စီးပွားရေးချောင်လည်သူများဖြစ်ကြ၏။အမျှော်အမြင် ရှိသူများ ဖြစ်ကြ၍ အဝီစိတွင်းတူး ကာ စိုက်ပျိုးရေးကို တိုးချဲ့ကာလုပ်ကိုင်ကြသည်။ အနှစ် ၂၀ ကျော်ကြာပြီဖြစ်၍ မရင်မေသည် ဤရွာသူလုံးလုံးဖြစ်နေပါပြီ…. ရွာ၏သာရေး နာရေးလှုမှုရေး ကိစ္စရပ်များတွင် ရှေ့တန်းမှပါဝင်၍ တက်တက်ကြွကြွ လုပ်ဆောင်သည်။မရင်မေက ဦးဆောင်၍ အမျိုးသမီးဝတ်အသင်းဖွဲ့ကာ အဖိတ် ဥပုသ်ထွက်နေ့တိုင်း  […]