လူကြီးဖတ်စာ

ငတ်ပြီပေါ့

ငတ်ပြီပေါ့ ကျနော်ခွင့်တင်တာမရဘူးလို.မန်နေဂျာကောင်ကဇွတ်ငြင်းဆန်နေတော့ စိတ်ကတော်တော်လေးတိုစပြုလာတယ်။ အေပရယ်လဆိုနှစ်တိုင်း ကျနော်ခွင့်တစ်လယူပီးပြန်နေကြဗျ။ အရင်မန်နေဂျာကုလားဖြူမ လက်ထက်ကအေးဆေးပဲ။ ၂ခါပြောစရာမလိုဘူး။ ခုတရုတ်ကောင်ကတော်တော်လက်ပေါက်ကတ်၊ပြော ရဆိုရခက်နေတယ်။ သောက်ပုံမလာတဲ့ မီးကျိုးမောင်းပျက် ကုလားဖြူစကားထစ်အထစ်အနဲ့ ရုံးခန်းထဲမှာ လုံးဝခွင့်မပေးနိုင်ဘူးဆိုပီးအော်ကြီးဟစ်ကျယ်လုပ်နေတယ်လေ။ တခြားရုံးသူရုံးသားတွေ ဝိုင်းကြည့်နေတော့ ပိုပီးခံရခက်လာပီ။ ပိုဆိုးတာက ဝိုင်းကြည့်နေတဲ့အထဲမှာ ကျနော့်ခခလေး၂ယောက်ပါနေတော့ နောက်ဆုတ်လို.မဖြစ်တော့ဘူးဆိုတာသေချာနေပီလေ။ ဒီနိုင်ငံကချယ်နယ်တော် တော်များများကိုထုတ်လွင့်ပေးနေတဲ့ ရုပ်သံဌာနတစ်ခုမှာ ကျနော်အလုပ်လုပ်နေတာ၄-၅နှစ်လောက်ရှိပီဗျ။ မြေအောက်ကို၅ထပ်လောက်တူးပီးဆောက်ထားတဲ့ စတူဒီယိုတွေမှာ ဆက်တင်တွေဆင်ပီး ရိုက်ကူးရေးလုပ်တဲ့နေရာမှာပေါ့။ အလုပ် လုပ်နေတယ်လို.မထင်ရပဲ.. ပျော်ပျော်ရွင်ရွင်လေးနေလာတာကြာလာပီ။ ခုအသစ်ရောက်လာတဲ့မန်နေဂျာကောင်နဲ.အဆင်မပြေ လာတော့ စိတ်ကကုန်စပြုလာပီဗျာ။ အဆက်မပြတ် ပူညံပူညံလုပ်နေတဲ့ တရုတ်ကောင်ကိုလက်ဝါးကာပြလိုက်ရင်း ဘောင်းဘီနောက်အိတ်ထဲက ပိုက်ဆံအိတ်ကိုဆွဲထုတ်၊ အလုပ်သမားမှတ်ပုံ တင်ကဒ်ပြားကို သူ.ရှေ.ကစားပွဲပေါ်ပစ်တင်ပေးလိုက်တယ်။ လည်ပင်းမှာဆွဲထားတဲ့ ဝန်ထမ်းကဒ်ပြားကိုပါ ပစ်ပေးလိုက်ရင်း ငါထွက်တယ်ကွာလို့အပြတ်ပြောလိုက်တယ်။ တစ်ခုခုဆက်ပြောဖို့ ပြင်နေတဲ့ သူ့မျက်နာရှေ.မှာ လက်ညှိုးလေးရမ်းပြပီး အောင်နိုင်သူအပြုံးနဲ့ရုံးခန်းထဲကထွက်လာခဲ့ပီး တစ်ဖက်ခန်းမှာရှိတဲ့ စားသောက်ခန်းထဲမှာ […]