လူကြီးဖတ်စာ

စောင့်မျှော်ကာမောရသည်

စောင့်မျှော်ကာမောရသည် ဆရာကြီးစိန် ဆိုလျှင် မသိသူမရှိသလောက်ပင်။ ဆရာကြီးစိန် သည်ပျောက်စေဆရာကြီးဖြစ်သည်။ ဆရာကြီး ဟုသာခေါ်နေရသောလည်း အသက်မှာ(၃၄)နှစ်ခန့် သာရှိသေးသည်။ အရပ်ရှည်ရှည်၊ ဗလကောင်းကောင်း၊ အသားညိုညိုဖြစ်ကာ နှုတ်ခမ်းမွှေးစစ မဟာနဖူးဖြင့် ခန့်ထည်သူတစ်ဦးဖြစ်သည်။ သူသည် တစ်ချိန်က ဘိုးတော်ကြီးတစ်ဦး၏နောက်တွင် ဝေယျာဝစ္စလုပ်ရင်း နှစ်နှင့်ချီလိုက်ပါခဲ့ရာမှ ပျောက်စေအတတ်ကို တတ်မြောက်လာခြင်းဖြစ်သည်။ သူ၏ အမည်ရင်းမှာ ဂျင်အောင်ဖြစ်ပြီး ရန်ကုန်သားဖြစ်လေသည်။ သူ၏ဆရာ ဘိုးတော်ကြီးမှာ ဘယ်ရောက်လို့ ဘယ်တောင်တက်သွားသည်မသိ၊ ဂျင်အောင် ကတော့သူ့ဝမ်းသူကျောင်းကာ ဆရာကြီးတစ်ဆူဖြစ်၍ပင်နေတော့သည်။ ယခုလည်း ဆရာကြီးစိန် သည် မြို့ကြီးတစ်မြို့နှင့်မနီးမဝေး ကျေးရွာကြီးတစ်ရွာနှင့် တစ်ခေါ်လောက်ဝေးသော တောင်ကုန်းလေးပေါ်ရှိ စေတီတစ်ဆူဘေးတွင် ခိုင်ခန့်သောတဲကြီးတစ်လုံး ဆောက်ကာ သတ္တဝါများကို ကယ်မနေလေသည်။ ဆရာကြီးစိန် သည် ယောဂီရောင်အကျႌ နှင့် ယောဂီရောင်ပုဆိုးကိုသာ အမြဲတမ်းဝတ်ဆင်လေ့ရှိပြီး ပုတီးခပ်ကြီးကြီးတစ်လုံးကို လည်ပင်းတွင် ဆွဲထားတတ်သည်။ […]