လူကြီးဖတ်စာ

စွဲလမ်းနေတာ

စွဲလမ်းနေတာ ကျုံတညီ”ရွာကြီးက အိမ်ခြေ ၇၀၀ နီးပါးရှိပြီး မြို့မကျ တောမကျ ဒိုင်နယ်ရ ွာကြီးတရွာ ဖြစ်လေသည်။ရ ွာကြီးက အရှေ့ဖက်ကို မျက်နှာမူ၍တောင်မြောက်သ ွယ်တန်းထားသော ရွာလမ်းမကြီးသုံးလမ်းရှိလေသည်။ ရွာဓလေ့အရ အရှေ့ဖက်ဆုံးမှ ရွာလမ်းမကြီးဖက်ကို အရှေ့ပိုင်းဟုခေါ်ဝေါ်ကြပြီး နောက်ဖက်ဆုံးရှိရွာလမ်းမကြီးအပိုင်းကိုတော့ အနောက်ပိုင်းဟုခေါ်၍ အလယ်ရှိရ ွာလမ်းမကြီးအပိုင်းကိုတော့အလယ်ပိုင်းဟု ခေါ်လေသည်။ အလယ်ပိုင်းဟုခေါ်သော ရွာအလယ်လမ်းမကြီးတ ွင်အခြားလမ်းမကြီး များနည်းတူလူနေအိမ်များမှာကိုယ့်ခြံကိုယ့်ဝန်းဖြင့်ဆက်တိုက်တည်ရှိနေပြီး တနေရာတ ွင်တော့လူနေအိမ်ခြံဝန်းနှစ်ခုကြားတ ွင်လူနေအဆောက်အဦးမရှိသော မြေက ွက်လပ်ကြီးတခုရှိနေလေသည်။ ထိုမြေက ွက်လပ်ကြီးမှာ ရွာရှိလူငယ်လူရွယ်များနှင့်ကလေးများ ကောင်းစွာအသုံးချခြင်းကို ခံနေရလေသည်။လူငယ်လူရ ွယ်များက ဘောလုံးဘောလီဘော ပိုက်ကျော်ခြင်း ကစားကြရန်အသုံးပြုသက ဲ့သို့ ကလေးများကလည်း တုတ်စီးထိုး ဖန်ခုံ ဒိုးပစ်ကစားရန်ကောင်းကောင်းကြီး အသုံးပြုလျက်ရှိလေသည်။ ကလေးသံများက ထိုမြေက ွက်လပ်တ ွင်တနေကုန်မစဲတတ်။မွန်းတည့် နှင့်နေမွန်းလ ွဲကာစ နေပြင်းသောအချိန်လောက်သာ […]