လူကြီးဖတ်စာ

ပြန်မလာတော့တာ နှစ်တွေကြာခဲ့ပြီ

ဒီ ဇာတ်လမ်းမှာ အဓိက ဇာတ်ကောင်က ရဲလွန်း ။ ရဲလွန်းသည် ဆင်းရဲတွင်း နက်တဲ့ အခြေခံ လူတန်းစား မိသားစုထဲမှာ ပေါက်ဖွားလာတဲ့ ကောင်လေး တယောက် ။ အဖေက စက်ရုံတရုံက အလုပ်သမား ။ အမေက ဈေးရောင်းသည် ။ တဦးတည်းသော သား ငဆိုးလေး ။ ပိန်ပါးလို့ အရပ်မြင့်တယ်လို့ ပို ထင်ရသည် ။ ငယ်ငယ်ထဲက အစားထက် ကစားကို ပိုမက်နေခဲ့တာမို့ရယ်..မရှိဆင်းရဲသား နင်းပြား ဘဝတွေမို့ မစားနိုင်တာရယ်ကြောင့် ရဲလွန်းသည် ပြားချပ်ချပ် ပိန်ကပ်ကပ်ကလေး ။ အသက်၁၉နှစ် ကောင်လေး ။ ဆံပင်က ရှည်သည် ။ လိန်ကောက်နေတဲ့ ဆံပင်နီကြောင်ကြောင်တွေက ပုခုံးအထိ ရှည်သည် ။ လက်ကြော […]