လူကြီးဖတ်စာ

ဆန့်တငင်ငင်

ဆန့်တငင်ငင် စီမံကိန်းအတွက်ဆိုကာ ခြံခတ်သိမ်းစည်းသွားတဲ့ လယ်ယာတွေကို ကြည့်ပြီး နန်းကြာညို သက်ပြင်းချမိပြန်သည်။ ဒီလယ်ယာတွေကို အနိုင်ကျင့်သိမ်းယူသွားကတည်းက သူမတို့မိသားစုအပါအဝင်တစ်ရွာလုံး ဒုက္ခရောက်နေရသည်။ လယ်ကလွဲလို့ဘာမှမလုပ်တတ်သော လယ်သမားတွေ ဘိုးဘွားပိုင်လယ်မြေတွေ မရှိတော့သောအခါ ဘဝပျက်ကြသည်။ အလုပ်အကို သစ်အတွက်မြို့တတ်သွားတဲ့သူတွေရှိသလို ကြွေးလည်ပင်းနစ်ကာ စီးပွားပျက်အပူမီးတောက်နေသော သူမတို့တွေလည်းရှိသည်။ ရွာဦးစေတီလေးတွင် စိတ်ပျက်လက်ပျက်ထိုင်နေရင်း သက်ပျင်းအထပ်ထပ်ချမိသည်။ ရောက်ရှိလာမဲ့ မနက်ဖြန်တိုင်းကို ကြောက်မိပါသည်။ စိုးရိမ်စိတ်နဲ့ပင် သူမအိမ်ပြန်ခဲ့သည်။ ခြောက်ကပ်နေသော အိမ်ဝိုင်းလေးအတွင်းသို့ ဝင်လိုက်သည်နှင့် ဝမ်းနည်းစိတ်က ကြီးစိုးလာပြန်သည်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်ကထိ သူမတို့လယ်ယာလေးနဲ့ မချမ်းသာပေမဲ့ချောင်လည်စွာနေထိုင်နိုင်ပါသည်။ လယ်ယာတွေအသိမ်းခံရပြီးနောက်မှာ မိခင်ဖြစ်သူက နှလုံးရောဂါဖြင့်ဦးစွာဆုံးပါးသွားသည်။ နောက် အကြွေးတွေများများလာတော့ ဖခင်ကြီးလဲ့ စိတ်ဓာတ်ကျကာ မိမိကိုယ်ကို သက်သေသွားသည်။ အသက် ၂၁နှစ်အရွယ် အပျိုမလေး နန်းကြာညိုတစ်ယောက်သာ ဒုက္ခတွေနဲ့ကျန်ခဲ့သည်။ နန်းကြာညိုက အသက် ၂၁နှစ်အရွယ်ခန့်ရှိပြီမို့ […]