လူကြီးဖတ်စာ

ဆယ်တန်းကျောင်းသူ

ဆယ်တန်းကျောင်းသူ နေက ဆယ်တန်းကျောင်းသူလေးပါ(အဆောင်နေကျောင်းအိပ်ကျောင်းစားပါ ယောကျ်ားလေးတွေနဲ့သပ်သပ်ဆီဆိုတော့ မကမ္ဘာထဲမှာပဲနေခဲ့ရသူပါ။) ဆယ်တန်းကျောင်းသူဆိုတော့ ဆယ်တန်းဖြေရတာပေါ့လေ(သိပြီးသားမလား) နေဆယ်တန်းဖြေ တော့ နေနဲ့တစ်ခုံတည်းထိုင်ရတယ့်ကောင်လေးက နေတို့ ကျောင်းက နာမည်ကျော်လေးလေ(ဆိုးလို့တော့ ဟုတ်ဘူး ပွဲအားလုံးမှာ သူက ခေါင်းဆောင်ပြီး လိုက်လုပ်ပေးလို့)(သူကလဲ အဆောင်ကျောင်းသားပဲလေ) နာမည်သာကြီးတာပါ စာမေးပွဲလာဖြေ တော့ နာရီမပါဘူး (နာမည်ကြီးထမင်းငတ်တစ်ကယ်ရှိမှန်းသိသွားတယ်) မြန်မာစာနေ့ကြီး နာရီတစ်လုံး နှစ်ယောက်ကြည့်လိုက်ရတယ်။ အဲ့ကိုယ်တော်ချောက နောက်တစ်ရက် လည်းကျ ရော ကျေးဇူးတင်ကြောင်းဘာကြောင်းလာပြောတယ်။ နေ့ကို ရောချင်တယ်ပဲ ထင်တာပေါ့ သူက နွေရာသီ အကြောင်း စာစီစာကုံး ဘယ်နှမျက်နှာ ရေးလဲတယ့် နေ က ၆မျက်နှာလို့ပြန်ဖြေ လိုက်တယ် နောက်မှနေ လန့်သွားတယ် ဘယ်နှယ့်လုပ်သိနေရလဲလို့ ဒီလိုနှယ့် နေ့ကို နေ့ရဲ့အကြောင်းလေးတွေကို တစ်ဝက်ပြော တစ်ဝက်မေးလုပ်လာခဲ့တယ့် ကောင်လေးကို နေလည်းခင်မိလာတာပေါ့ […]