လူကြီးဖတ်စာ

ဆေးစွမ်းနဲ့နွားသိုးကြိုးပြတ်

ဆေးစွမ်းနဲ့နွားသိုးကြိုးပြတ် နာမည်က နှင်းဝေ… ဒီဇင်ဘာလ နှင်းတွေကျတဲ့အချိန်ကြီးမွေးလို့ အလွယ်တကူနဲ့လှလှလေးပေးထားကြတာ။ ဆွေမျိုးထဲမှာ သမီးမိန်းကလေးဆိုလို့ နှင်းဝေတစ်ယောက်ထဲ။ ဝမ်းကွဲဆိုလို့ မောင်တွေ အကိုတွေချည်း ဒါ့ထက်ဆိုးတာ နှင်းေ၀ ဦးလေးက ရပ်ကွက် လူမိုက်။ ဓါးထိုးမှုနဲ့ ထောင်ထဲကထွက်တဲ့အချိန် တူမလေးမွေးမှ မိုက်တာရပ်တော့တာ။ နှင်းေ၀ မွေးကတည်းက တဆွေတမျိုးလုံးစီးပွားတက်တော့ အကုန်လုံးကဝိုင်းချစ်ကြတာပေါ့။ဦလေးကလည်း လူမိုက် အကိုတွေမောင်တွေလည်း များတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ရည်းစားကမရ။ ညားမယ့်ညားတော့လည်း အညာသား နဲ့မှညားတော့တာ။ အပျိုကြီးပေါက်စဖြစ်နေတဲ့အချိန် အသက်သုံးဆယ့်ငါး ရန်ကုန်လာပြီး အလုပ်လုပ်တဲ့ မလည်မဝယ် အညာသားနဲ့ ညားပါလေရော။ မောင်အညာသားက ရန်ကုန်မှာ အဲကွန်းတွေပြင်တယ်။ အဲ့တုန်းက နှင်းေ၀ အဆောင်နေတုန်း အဲကွန်းလာပြင်တဲ့ မောင်ညာသားနဲ့ငြိပြီး အပိုင်ဝိုက်ပလိုက်တာ။ မဝိုက်လို့လဲမရဘူးလေ ရပ်ကွက်ထဲက လူတွေနဲ့ညားဖို့ကတော့ မဖြစ်နိုင်။ အညာသားကလည်းအိမ်ကိုလာတောင်းတော့ ဆွေစုံမျိုးစုံပဲ။ တွဲတာ […]