လူကြီးဖတ်စာ

တစ်ခါပဲတော်ပါပြီ

တစ်ခါပဲတော်ပါပြီ စိမ်းမြကြည်လင်နေသော ချောင်းရေပြင်ကို နှင်းအိ ငုံ့ကြည့်လိုက်သည်..။ ထိုအခိုက် ကြွေကျလာသော စကားပွင့်ကြောင့် ရေမျက်နှာပြင်လှုပ်ခါသွားပြီး ကြည်လင်သောရေ၌ ထင်ဟပ်နေသော နှင်းအိရဲ့ ရုပ်ပုံလွှာမှာ တွန့်လိမ်ကောက်ကွေး၍ လှုပ်ခါသွားရသည်..။ သူမ၏ ရုပ်လွှာမှာ ခုလို တကယ်ပဲ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီလား…နှင်းအိ တွေးလိုက်မိသည်..။ ကြွေကျလာသော တရုတ်စကားပွင့် ဖြူဖြူလေးက ချောင်းရေပြင်တွင် အခိုက်အတန့်လေးသာ ရပ်တန့်သွားပြီးနောက် ရေစီးနှင့်အတူ မျောပါသွားသည်ကို နှင်းအိ လိုက်ပြီး ကြည့်နေမိသည်..။ တရုတ်စကားပန်းပွင့်ဖြူဖြူလေးက ရေစီးအတိုင်း လွတ်လွတ်ကျွတ်ကျွတ်ကြီး မျောပါသွားရသည် မဟုတ်..။ ရေစပ်တွင်ရှိသော သစ်မြစ်ဆုံများ ၊ ကျောက်တုံးများကို ကွေ့ပတ်ကာ မျောပါသွားရသည်..။ ပန်းပွင့်လေးက အရာဝတ္ထုတို့ကို လွယ်လွယ်ကူကူတော့ ကွေ့ပတ်သွားနိုင်သည် မဟုတ်ပါ..။ ဆုံတွေ့သော အရာတို့ကို ရေစီးအရှိန်နှင့်အတူ တိုးတိုက်ထိခိုက်မိပြီးမှသာ ရေစီးနှင့် ပါသွားရခြင်း […]