လူကြီးဖတ်စာ

တစ်ချို့တစ်ဝက်

တစ်ချို့တစ်ဝက် ညနေကတည်းက ညစာအတွက်ထမင်းကို တဝတပြဲစားထားပြီးပြီ။ ဒီနေ့ သိန်းဆောင် ကြက်ခြံမှာစောင့်အိပ်မှဖြစ်မယ်။ သူ့ရွာက ကောင်တွေအကြောင်းကို သိန်းဆောင် ကောင်းကောင်းသိတယ်။ တန်ဆောင်တိုင်ည အတွက် ရွာကကာလသားကောင်လေးတွေရဲ့ ပစ်မှတ်က သူ့ရဲ့ကြက်ခြံ ဖြစ်နေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ။ နောက်နေ့မှ ကြက်ခးိုတဲ့လူတွေကို သိလို့အရေးယူပေးပါ သွားပြောလို့မရဘူး။ တန်ဆောင်တိုင်ညမှာ ရွှေငွေ အဖိုးတန်ပစ္စည်းမဟုတ်ပဲ အသေးအမွှားခိုးတာလောက်နဲ့တော့ ထုံးတမ်းအစဉ်အလာပဲဆိုပြီး အရေးယူလေ့မရှိဘူး။ ရွာထဲမှာလည်း ဧည့်လာရင်ကျွေးမွေးဖို့ ဟင်းမရှိတဲ့အခါ ချက်စားဖို့တစ်နိူင်တစ်ပိုင် ကြက်မွေးကြပါတယ်။ ရွာထဲမှာ တန်ဆောင်တိုင်ညပြီးရင် ကြက်မပျောက်တဲ့အိမ်ဆိုတာ မရှိသလောက်ပဲ။ ကို့ယ်အိမ်ကကြက်သူခိုး သူ့အိမ်ကကြက်ကိုယ်ခိုးနဲ့ ပတ်ချာလည်နေတယ်။ သိန်းဆောင်တို့ရွာမှာ တန်ဆောင်တိုင်ညဆိုတာ ကြက်ခိုးကိုခိုးရမယ်လို့ အစဉ်အလာဖြစ်နေတော့တာပဲ။ သိန်းဆောင် ရဲ့ကြက်ခြံမှာ ကြက်ဖရော ကြက်မရော စုစုပေါင်းဆို ၅၆၈ကောင်ရှိတယ်။ ကြက်ဥ တွေကို မြို့ပေါ်ကဈေးမှာ တစ်ပတ်တစ်ခါ ဖောက်သည်ဈေးနဲ့သွားသွင်းလေ့ရှိတယ်။ […]