လူကြီးဖတ်စာ

တစ်ဇန့်ဇန့်ဖြင့်အရှိန်မသေနိုင်

တစ်ဇန့်ဇန့်ဖြင့်အရှိန်မသေနိုင် အဲ့ဒီ မနက်က… အိပ်မက်ကောင်းများနှင့် ထိတွေ့ခြင်းကင်းခဲ့သည်မှာ ကြာပြီဖြစ်သောမည်ကာမတ္တအိပ်စက် ခြင်းတစ်ခုမှ ပျင်းရိညီးငွေ့စွာနိုးထခဲ့မိသည်…။ ဖြစ်နေကျမနက်ခင်းကလည်း ထုံးစံအတိုင်း အေးတိ အေးစက်နှင့်ပေါ့ …။ ဘေးနားတွင် ရံဖန်ရံခါရှိခဲ့ဖူးသော အနွေးဓါတ်လေးတစ်ခုအား မရှိနိုင်မှန်းသိရက်နှင့် စမ်းဖြစ်အောင် စမ်းလိုက်မိသေး၏၊ အေးစက်သောအတွေ့ရှိသည့် သူ့မျက်မှန်ကိုသာစမ်းမိလိုက်သည် ၊သူအရှက် ပြေကောက်တပ်လိုက်၏ ၊အမှန်တစ်ကယ် သူထိတွေ့ချင်ခဲ့သည်မှာ နုထွေးအိစက်လှစွာသောချစ် သူ၏ ခန္ဓာကိုယ်ပင်ဖြစ်ပေတော့သည်။ လွမ်းစရာရှိလျှင် နာစရာနှင့် ဖြေရသည်´ ဟူသည့်စကားရှိသော်လည်း လွမ်းစရာကြုံလာ တိုင်းနာကျည်းစရာကို သူရှာမတွေ့ခဲ့မိပါ၊ တစ်ကယ်တမ်း နာကျည်းစရာများလုပ်ခဲ့သူက သူကိုယ် တိုင် ဖြစ်နေခဲ့သည်လေ။ သူ့ကို မ´ ထားရစ်ခဲ့သည်မှာ တစ်နှစ်ပင် ပြည့်ခဲ့ပါပြီ၊ ထားခဲ့သည် ဆိုခြင်းထက် စိတ်ပျက်ရွံမုန်းစွာ စွန့်ခွာသွားသည်ဆိုခြင်း က ပိုမှန်ပေလိမ့်မည် ။ အားလုံး ပြီးသွားခဲ့ပါပြီ မောင်ရယ်´ […]