လူကြီးဖတ်စာ

ထကြွနေတဲ့ကျွန်မ

ထကြွနေတဲ့ကျွန်မ မိန်းမတစ်ယောက်ဟာ အနားမှာ အားကိုးအားထားပြုစရာ ယောက်ျားသားတစ်ယောက်မရှိရင် မတင့်တယ်လှပါဘူး။ ဒါကြောင့်လည်း ရှေးလူကြီးတွေက “ အလံ မရှိတဲ့ရထား ” ဟာ မသင့်တော်ဘူးရယ်လို့ အဆိုရှိခဲ့ကြတာကိုး။ မိန်းမတွေထဲက မိန်းမတစ်ယောက်ဖြစ်နေတဲ့ ကျမဟာ အားကိုးအားထားပြုစရာ ယောက်ျားတစ်ယောက်ကို အပျိုဖြစ်ခါစကတည်းက ပေါင်း သင်းလက်ထပ်ယူခဲ့ပါတယ်။ ဒါပေမယ့် ရှင်…ကျမတို့ အိမ်ထောင်သက် နှစ်(၂၀)လောက်မှာပဲ ကျမရဲ့အမျိုးသားဟာ အက် ဆီးဒင့်တစ်ခုကြောင့် ဆုံးပါးသွားခဲ့ရပါတယ်။ ကျမဟာ ကလေးနှစ်ယောက်အမေ၊ အသက်(၃၇)နှစ်အရွယ်နဲ့ မုဆိုးမဘဝကို ရောက်ရှိခဲ့ရပါတော့တယ်။ ကျမယောက်ျားက ကျမကို အတော်လေးချစ်ပါတယ်။ သူဆုံးပါးသွားတဲ့အချိန်ထိ ကျမကို စောင့် ရှောက်ခဲ့တုန်းပါပဲ။ သူအက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားခဲ့ရတဲ့အတွက် လျော်ကြေးရတဲ့ငွေနဲ့ ကျမဟာ စက်ဆန်းဘက်မှာ ကိုယ်ပိုင် အိမ်လေးတစ်လုံးကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အခုဆို ကျမရဲ့သားအကြီး မင်းမင်းတောင် အသက်(၁၈)နှစ်ကျော် […]