လူကြီးဖတ်စာ

ဒရာမာ

ဒရာမာ ( စ / ဆုံး ) ဆယ်တန်းအောင်စာရင်းထွက်တော့သူကျတယ် သူကျတာကိုသူကအစောကတည်းကသိပြီးသား သူအဂ်လိပ်စာတစ်ဘာသာကို လုံးဝမဖြေခဲ့သူ့အိမ်ကစည်းကမ်းကြီးသည် ဒါဆိုဒါပဲ ဟိုဟာမလုပ်နဲ့ ဆိုတာမျိုးသူနဲ့အတူ သူ့အကို အမ နဲ့ ညီမလေးတစ်ယောက်ရှိသည်အားလုံးထဲမှာ သူကလွဲ၍ သူ့အဖေအမေရဲ့ စစ်စည်းကမ်းအတိုင်းနေကြသည် လိမ်မာကြသည်ပေါ့ သူကတော့ ခွေးဖြစ်မဲ့ကောင်ပေါ့သူက ညဏ်ရည်ကောင်းသည် သူဝါသနာပါတာကိုသာလုပ်မည်ဝါသနာပါတာလုပ်ရမှသာ သူအောင်မြင်မည်ဟု ခံယူထားသူအစတုန်းကတော့ သူ့ဝါသနာက ပရော်ဖက်ရှင်နယ်ဂစ်တာသမားသူ့အိမ်ကမသိအောင်သင်တန်းကိုခိုးတက်ခဲ့ရသည် သင်တန်းကိုစ့်အားလုံးကြေညက်ပြီးဆရာကတောင်လက်ဖျားခါရသည် ရှိသမျှမုန့်ဖိုးလေးစုပြီး ဂစ်တာဝယ်သည် ဂစ်တာကို ဆံပင်ညှပ်ဆိုင်မှာထားပြီး ကျောင်းလွှတ်ချိန်မှာ သွားတီးသည်သူ့အဖေကဒါကိုမြင်သွားပြီး အိမ်ရောက်တော့ ခြိုးခြိုးနှိမ်နှိမ်ပြောပြီး ရိုက်ပါလေရော ဒါနှင့်လားဇွဲမလျှော့ သဘောထားပြည့်ဝသော ကျူရှင်ဆရာအိမ်မှာ ဂစ်တာကိုလေ့ကျင့်ပြန်သည် ဒီတခါတော့ ကျူရှင်ဆရာအပါအဝင် သူ့ဂစ်တာသင်တန်းဆရာကိုပါ သူ့အမေနဲ့အဖေက သွားသောင်းကြမ်းကြတော့ သူအားနာမှုရှက်ရွံ့မှုတို့နှင့် မျက်နှာမပြဝံ့ အိမ်အပြင်လည်းမထွက်တော့ သူ့ကို ဂိုက်ဆရာခေါ်ပေးပြီးမောင်းပြန်သည် သူစာအားလုံးရသည် သို့သော် […]