လူကြီးဖတ်စာ

ဒီထက်ကောင်းတာမရှိ

ဒီထက်ကောင်းတာမရှိ ကြာခဲ့ပါပြီ။ ၈၂- ၈၃ လောက်ကထင်တယ်။ တီဗွီဆိုတာပေါ်ကာစ၊ ကျနော်တို့လမ်းထဲမှာ တီဗီရှိတဲ့အိမ်က တအိမ်ထဲရယ်။ အဲဒီတော့သူတို့က ညဘက်ဆိုရင် လူတယောက် ပြား ၅၀ ယူပြီးပြစားတယ်ဗျ။ မြန်မာ့အသံကပြတာတွေကိုဘဲ ငါးမူးပေးပြီးကြည့်ရတာပေါ့။ ဒါတောင်လူတွေကကြိတ်ကြိတ်တိုး။ အဲဒီအိမ်အကြောင်းအရင်ပြောရမယ်။ အိမ်ရှင်က ကိုအောင်မြင့်တဲ့။ သူ့မိန်းမက မတင့်တင့်။ ကိုအောင်မြင့်က အသက် ၃၉-၄၀ လောက်ရှိပြီး အမယု့ကလည်း သူနဲ့ မတိမ်းမယိမ်းပါဘဲ။ ကျနော်တို့က ၂၀ ပတ်ချာလည် တွေပေါ့။ ကျောင်းပြီးကာစ အစိုးရအလုပ်ကလေးဝင်ကာစပေါ့။ ကိုအောင်မြင့်တို့ အမယု့တို့က ကျနော်တို့နဲ့ အသက်ကွာပေမဲ့ လူငယ်တွေနဲ့ လူငယ်ပေါင်း ပေါင်းတော့ ကျနော်တို့က အကို အမဘဲ ခေါ်ကြပါတယ်။ သူတို့အိမ်ကြီးက နှစ်ဆောင်ပြိုင်အိမ်ကြီး၊ အပေါ်ထပ်မှာ သူတို့မိသားစုနေကြတယ်။ အောက်ထပ် ခြေရင်းဘက် ခြမ်းမှာ ညဆိုတီဗီပြတယ်။ […]