လူကြီးဖတ်စာ

နာတော့ နာတာပေါ့

နာတော့ နာတာပေါ့ RC တစ်ထပ်တိုက်လေးက အကြမ်းထည်ပြီးတော့မည်။ ကန်ထရိုက်တာက ဦးအေးမောင်ဖြစ်သည်။ ဦးအေးမောင်မှာ အရင် ကလက်သမားဆရာ၊ ပန်းရံဆရာကြီးဖြစ်သည်။ သူကအများတွေလို လက်သမားသီးသန့်၊ ပန်းရံသီးသန့် ကျွမ်းကျင်တာမျိုးမဟုတ် ပေ။ လက်သမားလုပ်ငန်းကော၊ ပန်းရံလုပ်ငန်းပါ ကျွမ်းကျင်တာဖြစ်သည်။   ဆက်ဆံရေးကောင်းမွန်မှု၊ အလုပ်တွင်စေ့စပ်သေချာ မှု၊ ပိုင်ရှင်အပေါ် စေတနာတွေထားမှုတွေကြောင့် လူတွေက  သူ့ကိုတဖြည်းဖြည်း ယုံကြည်စိတ်ချလာပြီး အဆောက်အဦးတစ်ခုလုံး ကို `ဝ´ ကွက်အပ်သည်အထိ ဖြစ်လာကာ  ဦးအေးမောင် တစ်ယောက် ကန်ထရိုက်တစ်ယောက်ဖြစ်လာသည်။ “ မောင်ကျော် ရေ………မောင်ကျော် ”  “ လာပြီဆရာ…… ” ဦးအေးမောင်၏ ခေါ်သံကြောင့် ပေကြိုးတစ်ချောင်းဖြစ် အလုပ်ရှုပ်နေသော  အသက်(၂၅)နှစ်အရွယ် လောက်ရှိသော လူငယ်တစ်ဦးက ဦးအေးမောင်၏ အနားသို့ရောက်လာသည်။ “ ငါအမိုးပြားဝယ်ဖို့သွားဦးမယ်………….လှသန်းကို ခေါ်သွားမယ်….မင်းဒီမှာနေလိုက်ဦး…” “ ဟုတ်ကဲ့ဆရာ… […]