လူကြီးဖတ်စာ

နောင်တနောက်ကွယ်

နောင်တနောက်ကွယ် နောင်တဆိုတာ ပူလောင်မှန်း သိပေမယ့် ခုတော့ မိဆူးတစ်ယောက် တုန်လှုပ်နေရပြီ။ အိမ်မှာထိုင်မရ ထမရ စိတ်လှုပ်ရှားပြီး အ ယောင်ယောင်အမှားမှား ဖြစ်နေမိတယ်။  ငါ့ကိုလာဖမ်းတော့မှာလား။  အဖမ်းခံရတော့မှာလား တွေးရင်း မျက်ရည်များ ဝိုင်းလာမိ တယ်။  ဥပဒေနဲ့ မလွတ်ကင်းဘူးဆိုတာ မိဆူးမသိ။  မိဆူးသိတာက ဈေးချိုချိုနဲ့ ရတယ်ဆိုလို့ အိမ်မှာပိုးစားနေတဲ့ တိုင်လေးတွေ  အစားလဲရအောင် ပျဉ်းကတိုး တိုင်လေးတွေမှာလိုက်မိတာပါ။ မိဆူးတို့မြို့မှာ သစ်တစ်တန် ၁၂သိန်းလောက်ပေါက်နေတဲ့အချိန် အ ရောက်၈သိန်းဆိုလို့ မှာလိုက်မိတယ်။   မိဆူး အိမ်လဲသစ်ရောက် ရဲတွေ သစ်တောကလူတွေလည်း ရောက်လာပြီး ဖမ်းသွားပါရော။ အိမ်နားနီးချင်းတွေ ရပ်ကွက်လူကြီးတွေ ဝိုင်းတောင်းပန်လို့ သစ်တွေတော့ ဖမ်းသွားတယ်။ တောခေါင်းဆိုတဲ့လူကြီး ပြောတဲ့ ပုဒ်မ တွေ မိဆူးမသိ မိဆူးသိတာကတော့ တရားရုံးမှာဒဏ်ငွေလည်းဆောင်ရမယ် ထောင်လည်းချနိုင်တယ်တဲ့။ […]

လူကြီးဖတ်စာ

နောင်တနောက်ကွယ်

နောင်တနောက်ကွယ် နောင်တဆိုတာ ပူလောင်မှန်း သိပေမယ့် ခုတော့ မိဆူးတစ်ယောက် တုန်လှုပ်နေရပြီ။ အိမ်မှာထိုင်မရ ထမရ စိတ်လှုပ်ရှားပြီး အယောင်ယောင်အမှားမှား ဖြစ်နေမိတယ်။ ငါ့ကိုလာဖမ်းတော့မှာလား။ အဖမ်းခံရတော့မှာလား တွေးရင်း မျက်ရည်များ ဝိုင်းလာမိတယ်။ ဥပဒေနဲ့ မလွတ်ကင်းဘူးဆိုတာ မိဆူးမသိ။ မိဆူးသိတာက ဈေးချိုချိုနဲ့ ရတယ်ဆိုလို့ အိမ်မှာပိုးစားနေတဲ့ တိုင်လေးတွေ အစားလဲရအောင် ပျဉ်းကတိုး တိုင်လေးတွေမှာလိုက်မိတာပါ။ မိဆူးတို့မြို့မှာ သစ်တစ်တန် ၁၂သိန်းလောက်ပေါက်နေတဲ့အချိန် အရောက်၈သိန်းဆိုလို့ မှာလိုက်မိတယ်။ မိဆူး အိမ်လဲသစ်ရောက် ရဲတွေ သစ်တောကလူတွေလည်း ရောက်လာပြီး ဖမ်းသွားပါရော။ အိမ်နားနီးချင်းတွေ ရပ်ကွက်လူကြီးတွေ ဝိုင်းတောင်းပန်လို့ သစ်တွေတော့ ဖမ်းသွားတယ်။ တောခေါင်းဆိုတဲ့လူကြီး ပြောတဲ့ ပုဒ်မတွေ မိဆူးမသိ မိဆူးသိတာကတော့ တရားရုံးမှာဒဏ်ငွေလည်းဆောင်ရမယ် ထောင်လည်းချနိုင်တယ်တဲ့။ တွေးရင်း အလိုလိုငိုရှိုက်မိတယ်။ ထိုင်နေလို့တော့ မဖြစ်သေး။ […]