လူကြီးဖတ်စာ

ပထမဆုံးသော

ပထမဆုံးသော ကျွန်မကျူရှင်ကို နောက်ကျမှ ရောက်သွားပြန်သည်။တံခါးကို ဖွင့်ကာ စာသင်ခန်းထဲ ဝင်ရန် ခွင့်တောင်းလိုက်တော့ ဆရာက သင်နေတာကိုရပ်ပြီး လှမ်းကြည့်သည်။ ”မင်း ထပ်ပြီးနောက်ကျပြန်ပြီ။လာ မြန်မြန်ဝင်။နောက်တစ်ခါ ဆို နောက်မကျစေနဲ့။ဆရာက အချိန်တိကျမှကြိုက်တာ အားလုံးမှတ်ထားနော်’ အတန်းသားတွေ ရှေ့တွင် အပြောခံနေရ၍ မကြည်ချင်သည့်စိတ်က တိုသွားသည်။ ” ၁၅မိနစ်လောက်ပဲ နောက်ကျတာပါ ဆရာကလည်း” ကျွန်မကပြန်ပြောလိုက်သည့် အသံတွင် စိတ်မကျေမနပ်မှုပေါ်လွင်နေသည်။တကယ်တော့ ဆရာနှင့်ကျွန်မက ချစ်သူတွေဖြစ်သည်။သို့သော် လူမှုရေး ပတ်ဝန်းကျင် တွင် ဆရာ တပည့် တွဲလျှင် အပြောခံရသည်မှာ များ၍ ဘယ်သူမှမသိအောင်တွဲကြသည်။ဒါပေမယ့် ခုလို လူတွေရှေ့ဆူတာမျိုးကို ကျွန်မမကြိုက်ပါ။သူက နှစ်ယောက်သားချိန်းတွေ့သည့် အချိန်မှာပါ ဆရာလုပ်ချင်သူဖြစ်သည်။ ကျွန်မနေရာတွင် ဝင်ထိုင်၍ သူသင်တာကို အာရုံစိုက်ရန်ကြိ ုးစားလိုက်သည်။ကျောင်းသားတစ်ချို့ လှည့်၍ပြောင်ပြနေ၍ ကျွန်မပြုံး ပြီး […]