လူကြီးဖတ်စာ

ပြီးဆုံးခြင်းပန်းတိုင်

ပြီးဆုံးခြင်းပန်းတိုင် “ဘယ်က ပြန်လာတာလဲ မိုးငယ်” “ဈေးက အမရေ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အမွှေးရေတွေ သွားဝယ်တာ အမရေ ညနေစောင်းနေပြီ ဆိုပေမယ့် တော်တော်ပူတယ်အမရယ်” “ဟုတ်တယ် ပူလာပြီ မိုးငယ်ရေ အပြင်ထွက်ရင် ထီးယူသွားမှပါကွယ်” ဘေးအခန်းက အမကြီးကိုပြောရင်း မိုးငယ် တိုက်ခန်းတံခါးသော့ဖွင့်ကာ ဝင်လိုက်လေသည်။ မိုးငယ်ကတို့ တိုက်ခန်းက ၃လွှာမှာရှိလေသည်။ ကွန်ဒိုနီးနီး အပြင်အဆင် ဝန်ဆောင်မှုများ ထဲ့ထားပေးလေသည်။ မိုးငယ် ယောက်ျား လင်းသူက သဘောၤသူကြီး(ကပ္ပတိန်) ဖြစ်လေသည်။ မိုးငယ်ရော လင်းသူပါ နယ်မြို့အသီးသီးက ဖြစ်လေသည်။ မိုးငယ်က ရန်ကုန်မှာ အလုပ်လုပ်ရင်း သဘောၤသား လင်းသူနှင့်တွေ့ရှိကာ ချစ်ကြိုက်ခဲ့ကြခြင်း ဖြစ်လေသည်။ သုံးနှစ်လောက် ချစ်သူတွေအဖြစ်တွဲကြရင်း လင်းသူက ပိုက်ဆံစုကာ နေရာထိုင်ခင်း အဆင်ပြေပြီဆိုမှ မိုးငယ်ကို လက်ထပ်ခဲ့တာဖြစ်လေသည်။ […]