လူကြီးဖတ်စာ

ဖြစ်ပါ့မလား မောင်

ဖြစ်ပါ့မလား မောင် (စ/ဆုံး) ကျွန်တော် ဂျီတီစီကျောင်းသားဘဝတုန်းကပေါ့ဗျာ။ ဆယ်တန်းအောင်ပြီး ပထမနှစ်စတက်ချိန်ပေါ့ အဲဒီတုန်းက ကျောင်းကိုရောက်စမှာ တက္ကသိုလ်ကော လိပ်ဆိုတာ ရုပ်ရှင်တွေ ဝတ္ထုတွေထဲကလို စိမ်းစိမ်းစိုစို အေးအေးချမ်းချမ်းရှိမှာပဲလို့ ထင်ထားတဲ့ ကျွန်တော့်အတွက် မှော်ဘီဂျီတီစီဟာ တကယ့်ကို မဲဇာပဲ ဗျို့။ ကြည့်လေရာမှာ ဖုန်တသောသောနဲ့ လယ်ကွင်းတွေ၊ အထက်တန်းကျောင်းအဆင့်သာရှိတဲ့ ကျောင်းဆောင်တွေ၊ မခံနိုင်လောက်အောင် ပူပြင်းတဲ့ နေရောင်တွေဟာ ကျွန်တော့်ရဲ့စိတ်ကူးထဲက ကောလိပ်ကျောင်းသားဘဝလေးကို ဖျက်ဆီးပစ်လိုက်တော့တာပဲ။ ကျွန်တော်ဆို ရောက်စက ချက်ချင်းတောင်  ကျောင်းပြောင်းဖို့ စိတ်ကူးမိခဲ့သေးတယ်။ ဒါပေမယ့် ကျွန်တော်ဖြစ်ချင်တဲ့ အင်ဂျင်နီယာဖြစ်ဖို့ ဒီလောက်တော့ အဆင်းရဲခံနိုင်ရမှာပေါ့ဆိုတဲ့ အဖေ့ရဲ့စကားကြောင့် ကျွန်တော်ဆက်နေမိခဲ့တာ။ ဒါပေ မယ့် မကြာခင်မှာပဲ ကျောင်းမပြောင်းဖြစ်တာ မှန်လိုက်လေခြင်းလို့ ကျွန်တော်အမြင်မှန် ရသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုကန္တာရကြီးထဲမှာ  အိုအေစစ်လေးတစ်ခု မမျှော်လင့်ဘဲ […]