လူကြီးဖတ်စာ

ဖြေးဖြေးနော်မောင်

ဖြေးဖြေးနော်မောင် ကျော်ဌေးနှင့် သီတာတို့ လင်မယားမှာ အရင်ကလို တကျက်ကျက် စကားများရန်ဖြစ်ရုံပင်မကတော့။ သတ်ပုတ်ရိုက်နှက်သည်အထိ ဖြစ်လာသည်။ သားသမီးမရှိတော့ တယောက်နှင့် တယောက် သိပ်ပြီး သံယောဇဉ်ထားကြပုံမရပေ။ သူတို့လင်မယား အိမ်ထောင်ကျတာ သုံးနှစ်ကျော်ပြီဖြစ်သည်။ တနှစ်လောက်ပဲ သောကကင်းကင်းဖြင့် နေခဲ့ရသည်။ တနှစ်ကျော်တော့ ကျော်ဌေးက ဗွေဖောက်လာသည်။ ကျော်ဌေးအကြောင်းတွေကို သီတာ မကြားချင်လဲ ကြားရသည်။ မသိချင်ပဲ သိရသည်။ ကျော်ဌေး အပျော်အပါးလိုက်စားသည်တဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး သီတာက ဖြောင်းဖျပြောဆိုတော့ သူကရန်လုပ်သည်။ အိမ်ပြန်လာတိုင်းလည်း မူးမူးလာတတ်သည်။ လုပ်သည့်အလုပ်က လိုင်းကား ဒရိုင်ဘာ။ ဝင်ငွေကောင်းတော့ ကျော်ဌေး ပျက်တော့သည်။ ဇနီးမယား သီတာကိုလည်း ကြင်ကြင်နာနာ မရှိသည့် အပြင် ဘာမဟုတ်သည့် ကိစ္စလေးနှင့် ရိုးမယ်ဖွဲ့ ရိုက်လားပုတ်လားလုပ်လာသည်။ သူတို့လင်မယားကို ဘယ်သူကမှ ပေးစားခဲ့တာမဟုတ်။ […]