လူကြီးဖတ်စာ

ဖွဖွလေး

ဖွဖွလေး ညနေ လေးနာရီခွဲပြီးနေပြီ။ … ကိုလတ်တယောက် အိမ်ပြန်ရန် ဆေးရုံလှေကားမကြီးမှ ဆင်းတော့မလို့ဟန်ပြင်နေစဉ် နောက်ဖက်မှ အသံလေးတခုက ရုတ်တရက်ပေါ်လာ၏။ ‘ ဆရာ ပြန်တော့မလို့လား … ဟင်းဟင်းဟင်း .. ‘ ပြန်တော့မလားမေးတာ ဘာများ ရီစရာ ပါနေသည်မသိ။ … ကိုလတ်စိတ်ထဲ နဲနဲ အစာမကြေဖြစ်သွားမိသည်။ .. လှည့်ကြည့်စရာမလိုပဲ သိနေသည်။ အသံရှင်လေး မည်သူဆိုတာ။ … ဘယ်သူရှိရမည်လဲ … သူနာပြုအသစ်လေး ဂျာဂျာ ပေါ့။ … သူမက မြန်မာမဟုတ် .. ။ တိုင်းရင်းသူလေး .. ။ နာမည်အပြည့်အစုံက အယ်လ်ကွန်ဖန်ဂျာ တဲ့ ….. ။ သို့ပေမယ့် တဆေးရုံလုံးက သူမကို ဂျာဂျာ လို့ပဲ […]