လူကြီးဖတ်စာ

ဘုရင်မတစ်ဆူ

ဘုရင်မတစ်ဆူ သူရသည် ဆေးစွဲကာ ပျက်စီးနေသော လူငယ်လေး တစ်ယောက် ဖြစ်၏။ သူ့ အသက်အရွယ်နဲ့ မလိုက်ဖက်အောင်ပင် ဆိုးသွမ်းလွန်းသဖြင့် မိဘကလည်း လွတ်ထား၏။ သည်နေ့တွင် သူဆေးပြတ်နေသဖြင့် အိမ်တစ်အိမ်ကို ဝင်ခိုးရန် စဉ်းစားလိုက်၏။ စဉ်းစားပြီးနောက် မဆင်မခြင်ပင် ဝင်ခိုးလိုက်တော့သည်။ သူဆေးပြတ်နေပြီ မဟုတ်ပါလော။ လောလောနဲ့ ဝင်သွားသည်မို့ ဘာဘာ ညာညာ မစဉ်းစားမိ။ သူ သတိထားမိသည်က သည်အိမ်တွင် လူဝင်လူထွက်မရှိ။ အမြဲ တံခါးပိတ်ထားသည်။ ရသလောက် ခိုးပြီး မှောင်ခိုးဈေးနဲ့ ရောင်းကာ ဆေးဝယ်ဖို့သာ သိသည်။ အသွားမတော် တစ်လှမ်းဖြစ်ချေပြီ။ “မလုပ်နဲ့”“……..”သူမေ့သွားရာမှ သတိရလာသည်။ “မင်းအတွက်…”သူ့လက်မောင်းကြောထဲ ဆေးသွင်းလိုက်သည်။ သူလန်းဆန်းသွားသည်။ သူမျက်လုံးများ ပြန်လည် ရှင်သန်လာသည်။ အလွန်လှပသော အမျိုးသမီးကြီးတစ်ဦးက သူလိုအပ်သော နံပါတ်ဖိုးကို သွင်းပေးလာသည်။ […]