လူကြီးဖတ်စာ

မထူးဇာတ်

မထူးဇာတ် နီနီမြင့်ရောက်ရှိနေသောနေရာမှာ မြေဧကအတော်ကလေးကျယ်ဝန်းသော ခြံကျယ်ကြီးတစ်ခြံဖြစ်သည်။ နှစ်ထပ်တိုက်တစ်လုံးရှိပြီး တိုက်နှင့်မလှမ်းမကမ်းမှာ ယခင်ကဆန်စက်ကြီး ဖြစ်ခဲ့ဟန်တူသော အဆောက်အဦဟောင်းတစ်ခု ရှိသည်။ တစ်စုံတစ်ရာ လျှို့ဝှက်လုပ်ဆောင်ရန်အတွက် ကောင်းမွန်သော နေရာတစ်ခုလည်းဖြစ်သည်။ ထွန်းမြင့်က သူမကို ဆန်စက်ဟောင်းအတွင်းရှိ သီးသန့်ပြုပြင်ထားသော အခန်းတစ်ခုထဲကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ထွန်းမြင့်လူတွေက နှစ်ဖွဲ့ဖြစ်ကာ တစ်ဖွဲ့က စက်ရုံအတွင်းရှိ အလုပ်ခန်းသဘောမျိုး အကန့်ကန့်၍ ပြုပြင်ထားသောနေရာမှာ အရက်ဝိုင်းတည်ကာ သောက်စားနေကြပြီး သူတို့အားလုံး စုစုပေါင်း လေးငါးခြောက်ယောက်မက ရှိကြသည်။ ရုပ်ရည်ခပ်ကြမ်းကြမ်း ရုပ်ရှင်ထဲက လူဆိုးလူမိုက်ရုပ်များ ဖြစ်ကြပြီး မြေအောက်လောကသားတွေပုံစံမျိုး ပေါက်နေကြပေသည်။ ကျန်တစ်ဖွဲ့ကမူ စက်ရုံဟောင်း၏ အတွင်းဖက် ခပ်ကျကျ နောက်ထပ်အခန်းတစ်ခုထဲမှာ သူတို့ဖာသာ အလုပ်ကိစ္စ ပြောဆိုတိုင်ပင်ရင်း သီးသန့်ဝိုင်းဖွဲ့ နေကြသည်ဟု သိရပေသည်။ အတွင်းခန်းထဲမှ အသံကိုမူ သိပ်မကြားရဘဲ ထွန်းမြင့်ကသာ အသိမပေးလျှင် […]