လူကြီးဖတ်စာ

မောင် မဆိုးနဲ့ကွာ

မောင် မဆိုးနဲ့ကွာ ဇော်ထွန်းနိုင်ဆိုတဲ့ကျနော်ကအခု တစ်ကောင်ကြွက်ဖြစ်နေပြီ။ငယ် ငယ်ကတည်းကအမေဆုံးတယ်။ ကျောင်းပြီးတော့အဖေဆုံးပါးသွား ပြန်တယ်။လူ့လောကအလယ်မှာ တစ်ယောက်တည်းကျန်နေတယ်။ ပျင်းရိစရာအရမ်းကောင်းတယ်။ ဒါတောင်မှအဖေကနေစရာအခန်း လေးတခန်းပေးထားခဲ့ပြီးပညာ လေးတတ်အောင်ကျောင်းထားပေးခဲ့လို့ပါ။ ကျနော်မှာနေထိုင်ဖို့အိမ်ရှိတယ်။အဲဒီအတွက်စိတ်မပူရဘူး၊ ဒါပေမယ့်ငွေမရှိဘူး။ကုမ္ပဏီတစ်ခုမှာအလုပ်ဝင်ရင်းကခင်ခင်ငြိမ်းဆိုတဲ့မိန်းကလေးနှင့်တွေ့ကြတယ်။ ခင်ခင်ငြိမ်းကလည်းနယ်ကပဲအဆောင်မှာနေရင်းအလုပ်လာလုပ်တာပါ။ တစ်ယောက်နှင့်တစ်ယောက်ဖေးမကူညီကြရင်းနီးစပ်လာခဲ့တယ်။ ကုမ္ပဏီက(စီအီးအို) ကလည်းသဘော ကျတယ်။ရိုးသားတဲ့အပြင်လုပ်ငန်းစီစဉ်တာကောင်းမွန်တဲ့အတွက်သူ ဌေးကလည်းချစ်တယ်။အစက တော့ကျနော်ခင်ခင်ငြိမ်းအပေါ်ရိုးရိုးသားသားပဲခင်တယ်။စနောက်တာ တော့ရှိတယ်။ခင်ငြိမ်းလဲဒီလိုပဲနေ မှာပါ။ဒါပေမယ့်ခင်ငြိမ်းကကျနော့်အတွက်ဆိုရင်စေတနာပိုပါတယ်။ ယောက်ကျားလေးကတစ်ယောက်တည်းဘဝဆိုတော့ကောင်းကောင်းချက်မစားနိုင်ဖြစ်သလိုပဲ ချက်ပြုတ်စားသောက်တတ်တာ။ သူကတော့သူ့ဘာသာချက်ပြုတ်စားတတ် တဲ့အတွက်အမြဲပဲကျနော့်အတွက်ဟင်းပိုထည့်ခဲ့တယ်။ ”ခင်ငြိမ်း ဘာချ က်လာသလဲ” ကိုဇော် ကရောဘာချက်လာသလဲ” “ကြက်ဥကြော်ပဲ” “ထင်သားပဲ” အင်းလေငါလဲဒါပဲချက်တတ်တယ်” လာပါခင်ငြိမ်းမှာစုံတယ်၊ခင်ငြိမ်းအပိုချက်လာတယ်” “ဟဲ့ခင်ငြိမ်းနင်ကကိုဇော့်အတွက်ပဲ ချက်လာသလား၊ငါတို့အတွက်မပါဘူးလား” (စီအီးအို) ကလှမ်းစတယ်။ “အာဆရာကလည်းဆရာမှာကအ စစအရာရာပြည့်စုံတယ်၊သမီးဟင်းဆရာဘယ်စားမလဲ” ”နင်ကမကျွေးချင်ရင်ဒီလိုပဲ” ”မဟုတ်ပါဘူးဆရာရယ်၊ဆရာစား ချင်တာပြောခင်ငြိမ်းသေချာချက် လာပါ့မယ်” ”ဟားးးဟားးစတာပါခင်ငြိမ်းရာ၊ကိုဇော်ကိုပဲသေချာချက်ကျွေးလိုက်ပါ။ ဒီကောင်ဟင်းကြည့်လိုက်ရင်ကြက်ဥကြော်ပဲ” ”ဟုတ်တယ်ဆရာရေ” “ကိုဇော် မင်းငါ့ဆီကဟင်းလာယူ၊မင်းအမလဲ မင်းအတွက်ပိုထည့်ပေးလိုက်တယ်””ဟုတ်ကဲ့ပါဆရာ” “ခင်ငြိမ်းနင်နှော်ငါမပြောမရှိနဲ့၊ ကိုဇော်ကငါတွေ့ဖူးတဲဝန်ထမ်းထဲ မှာ […]