လူကြီးဖတ်စာ

မောတယ်ကိုကိုရယ်

မောတယ်ကိုကိုရယ် “ဘော် … ဘော်” “ဘူ … ဘူ” ကမ်းနားမှာ သင်္ဘော ကပ်ပြန်ပြီ။ ကိုကို ဒီသင်္ဘောနဲ့ ပြန်ပါလာမှာလား။ ညိုမီ စက်ဘီးလေးနဲ့ သွားသွားကြည့်ရတာ အမော။ လူတွေသာ ကုန်သွားတယ်။ ကိုကို ပါမလားဘူး။ ညိုမီ စိတ်ညစ်တယ်။ သင်္ဘောကြီးရယ် ဘာလို့များ ကိုကို့ကို ခေါ်မလာတာလဲ။ စိတ်မကောင်းစွာနဲ့ စက်ဘီးလေးကို တွန်းပြီး ညိုမီ ပြန်လာခဲ့တယ်။ ကိုကိုရယ် ဘယ်တော့များမှ ပြန်လာမှာလဲ။ ညိုမီ လွမ်းလှပြီ။ ကိုကို ရန်ကုန်မှာ ပျော်နေပြီလား။ ကိုကို ပြန်မလာတော့ဘူး။ အတွေးတွေက ဝမ်းနည်းစိတ်ကို ခေါ်ဆောင်လာတယ်။ မျက်ရည်တွေနဲ့ အတူပေါ့။ ညိုမီ တိတ်တိတ်လေး ငိုချလိုက်တယ်။ ကိုကို မကောင်းဘူး။ ညိုမီ့တယောက်ထဲကို ထားသွားတယ်။ ရန်ကုန်မှာ […]