လူကြီးဖတ်စာ

မွေးပြီးစားသောတီလတ်

မွေးပြီးစားသောတီလတ် ခြံထဲကားဝင်လာသံကြားတော့ ဘုရားရှိခိုးနေတာ ကမန်ကတန်း ရပ်ပြီး ဘုရားခန်းထဲကထွက် လှေကားထိပ်ကနေ တိတ်တိတ်လေး သွားချောင်းကြည့်မိတယ်။ ဆင်ဝင်အောက်မှာတည်းက ပျင်းရိပျင်းတွဲ အသံနဲ့ စကားပြောလာတာဆိုတော့ မင်းစိုးမှန်း တန်းသိတယ်။ သူသိချင်တာက မင်းစိုးနဲ့ပါလာမယ့်သူ။ ခေါင်းကို ဒီထက်ပိုငုံ့မရတော့ လက်ရန်းမှာ ကိုယ်ကို ဒီထက်ပို ကိုင်းလိုက်တယ်။ ဖင်ကြီးနှစ်လုံးကတော့ တင်းနေတဲ့ ထမီသားအောက်က ပြူးပြီး ထွက်နေမှာပဲ။ တော်သေးတာပေါ့ အနောက်က ချောင်းတဲ့သူမရှိလို့။ သိချင်စိတ်က ရင်တွေတောင် တဒိတ်ဒိတ်ခုန်တယ်။ စကားပြောသံတွေကလည်း တဖြည်းဖြည်း နီးလာပြီ။ “ဟုတ်တယ်ဗျ ကိုမင်းစိုးရဲ့၊ အဓိကအချက်က ဦးစီးဦးဆောင်မယ့်သူ မရှိသေးတာ။ ကျနော်တို့ သမဂ္ဂလည်း ဒီကိစ္စကို သေချာကြိုးစားနေကြပါတယ်” အသံနုနုအေးအေးလေးကို ကြားလိုက်ရမှ ရင်ထဲက အပူလုံးကြီးကျပြီး ရင်တစ်ခုလုံး အေးမြစိမ့်ဆင်းသွားတယ်။ အမယ်လေး ဒီအသံလေးကြားရဖို့ကို ရင်ခုန်လိုက်ရတာ။ […]