လူကြီးဖတ်စာ

မှော်ဆန်တဲ့အချစ်

မှော်ဆန်တဲ့အချစ် ကျွန်တော်က အားရင်အားသလို ရွားဦးဘုန်းကြီးကျောင်းက ခရေပင်ကြီးကို ဝန်းရံထားတဲ့ ကွပ်ပျစ်လေးပေါ်မှာ သွားပြီးနေလေ့ရှိပါတယ်။ဘုန်းကြီးကျောင်းဆိုတာ နိမ့်မြင့်မရွေး လက်ခံပေးနေတဲ့နေရာဆိုတော့ စဏ္ဍာလ လို့ခေါ်တဲ့တောင်းစားတဲ့သူတွေလာရင်လည်း အဲဒီဘုန်းကြီးကျောင်းမှာ လာရောက်တည်းခိုလေ့ရှိတယ်။ကျွန်တော်က ကွပ်ပျစ်ပေါ်မှာနေရင် သူတို့က. ကွပ်ပျစ်နားက ဇရပ်ပေါ်မှာနေကြပြီး ချက်ပြုတ်စားသောက်နေကြတယ်။တစ်ရက်မှာတော့ ကျွန်တော်ရယ် သူငယ်ချင်းသုံးလေးယောက်ရယ် ကွပ်ပျစ်ပေါ်ထိုင်နေတုန်းမှာပဲ “ညီလေးတို့…ဆေးလိပ်လေးမပါဘူးလား”ဆိုတဲ့အသံနဲ့အတူ စဏ္ဍာလကြီးတစ်ယောက်က ဆေးလိပ်လာတောင်းတယ်။”လာဘ်သိပ် လိုက်တာကွာ””မပါဘူး ဗျာ ပါလည်းမတိုက်ဘူး”အသံမျိုးစုံနဲ့အတူ နှာခေါင်းရှုံ့သူကရှုံ့ပြီး ကျွန်တော့်သူငယ်ချင်းတွေထထွက်သွားကြပါတယ်။ကျွန်တော်လည်း သူ့မျက်နှာကြည့်ပြီးသနားသွားတာနဲ့ “ဦးလေး…ဆေးလိပ်အရမ်းသောက်ချင်နေလား”လို့မေးလိုက်တော့ ခေါင်းငြိမ့်ပြပါတယ်။ ”အဲဒါဆို ခဏစောင့် ကျွန်တော့်မှာတော့မပါသေးဘူး ဝယ်လာပေးမယ်”လို့ပြောလိုက်တော့ “ပိုက်ဆံယူသွားလေ…ဦးတို့ဆိုရင် ဆိုင်တွေကမရောင်းချင်သလိုနှင်ထုတ်ကြတယ် အဲဒါကြောင့်မဝယ်ရဲလို့ပါ” လို့ပြောလာတော့ “ရပါတယ် ကျွန်တော် ဝယ်တိုက်ပါ့မယ်”ပြောပြီးထွက်လာခဲ့ပါတယ်။ဈေးဆိုင်ရောက်တော့ ရွှေရောင် ရူဗီဘူးလေးတစ်ဘူးဝယ်တော့ ဆိုင်ကအစ်မကြီးက”ဟဲ့ကောင်လေး နင်သောက်မလို့ဆိုမရောင်းဘူးနော် အိမ်တိုင်လိုက်မယ်”လို့ပြောနေလို့ “ဧည့်သည်တိုက်ဖို့ပါ”လို့ မနည်းပြောပြီးဝယ်လာခဲ့ရပါတယ်။ဘုန်းကြီးကျောင်းပြန်ရောက်တော့ စဏ္ဍာလကြီးကိုဆေးလိပ်ဘူးပေးလိုက်တာ အငမ်းမရဖွင့်သောက်ပါတော့တယ် “ကျေးဇူးပဲကွာ အရမ်းသောက်ချင်နေတာ”လို့ပြောတော့ […]