လူကြီးဖတ်စာ

မှော်ဆရာအချစ်

မှော်ဆရာအချစ် မနေ့က ဝုန်းကနဲသဲချလိုက်တဲ့မိုးဗျာ အခုထိ တစ်ချက်မှမတိတ်သေးဘူး။ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နေတယ်ဆိုလား ဘာလား မသိဘူး။ အချိန်မှမဟုတ်တာ။ပိတောက်ဝါတွေလဲ မိုးပေါက်ထိမှန်ပြီး “လန့်“ပွင့်ကုန်ကြလေရောသလားပဲ….. ဝါ ဝါကိုထိန်လို့ အချိန်မဟုတ်အခါမဟုတ် တပေါင်းလမှပိတောက်ပွင့်တာများအံ့ရော။ အေးလေ ရာသီဥတုနဲ့ပန်းတွေကလဲ အချင်းချင်း အပေးအယူရှိကြတာဆိုတော့ လိုချင်တဲ့အပူချိန်မိုးရေချိန်ရောက်ရင်ပွင့်ကြမှာပဲ။ သစ္စာမရှိဘူး၊ ဘာမရှိဘူးသွားပြောလဲ သူတို့နားလည်မှာမှ မဟုတ်တာ။ ပန်းတွေရာသီမမှန်ဘဲ ပွင့်အောင်၊ အသီးတွေသီးအောင်လူတွေလုပ်ကြတော့……. အင်း…..လူလူချင်းလဲ အချိန်မဟုတ် အခါမဟုတ် ဖူးချိန်တန်ဖူး၊ ပွင့်ချိန်တန်ပွင့်ဆိုသလိုမဟုတ်ဘဲ အတင်းပြဲရဲပွင့်ခိုင်းတော့ သွေးတွေ ထွက်ကုန် ရောဆိုတဲ့ ပျက်လုံးတစ်ခု သတိရတယ်။ အမှန်က ရယ်စရာလုပ်ပြီးပြောပေမဲ့ အဲ့ဒီစကားမှန်တယ် ကိုယ့်လူ၊ ပွင့်ချိန်မတန်ဘဲ အတင်းဖြဲပွင့်ခိုင်းခဲ့လို့ ရာဇဝင်တွင်ခဲ့ရတဲ့အကြောင်းလေးကြုံတုန်းပြောလိုက်ချင်သေး။ ပုံပြင်မဟုတ်ဘူးနော် ကျုပ်က လက်တွေ့သမား ခင်ဗျား ပဲခူးလမ်းကိုု သွားဘူးလား……….ထောက်ကြံ့အလွန်မှာ“လှည်းကူး“ဆိုတာရှိတယ်။ အဲ့ဒီ လှည်းကူးကနေ အရှေ့ဘက်တောင်ခြေဆီကို […]