လူကြီးဖတ်စာ

ရစ်ပတ်နွယ်သောကြိုး

ရစ်ပတ်နွယ်သောကြိုး လက်ထဲမှာ ပူခနဲဖြစ်သွားသဖြင့် ခန့်မင်း တစ်ယောက် ငေးမောပြီး အတွေးနွံထဲနစ်နေရာမှ သတိဝင်လာသည်။ သူ့လက်ထဲကစီးကရက်မီးက အစီခံကို ထိလာပြီးသူ့လက်ကို အပူဟပ် သွားသည့်တိုင်အောင် သူ့အသိစိတ်တွေက ဆုံးစမဲ့လွင့်မျှောနေခြင်းဖြစ်သည်။ ဝမ်းနည်းစိတ်တွေကြောင့် သူ့ရင်ထဲမှာပြည့်ကျပ်နေသည်။ ဖေဖေ၊မေမေရဲ့သားအရင်းမဟုတ်ဖူးဆိုသော အသိကသူ့ရင်ထဲမှာ လွမ်းမိုးနေသည်။ ဒါပေမဲ့ သူ့ကိုမချစ်လို့လားချစ်ပါသည်။ ငယ်စဉ်ကတည်းက သူ့ကိုသားအရင်းလိုပင် သဘောထားပြီး ချစ်ခဲ့ကြသည်။ သူ့ကလည်း ဖေဖေ ဦးဝေမင်းနှင့် မေမေဒေါ်ဖြူပြာလင်းတို့ကို ချစ်ပါသည်။ သူတို့(၂)ဦးက သူ့ကိုသူမတို့သားအရင်းပါဟုပင်အခုထိပြောနေကြတုန်းပင်။ မထင်မှတ်သော အကြောင်းအရာတစ်ခုကြောင့် သူသိခဲ့ရခြင်းဖြစ်သည်။ ပြောရလျှင်တော့ မေမေ ဒေါ်ဖြူပြာလင်းမှာ ရှိနေသော နှလုံးရောဂါကြောင့် မမကြီး နီလာမင်းနှင့် မမလေး နီလာလင်းတို့ကို မွေးဖွားပြီးသည့်နောက်တွင်။ ယောကျၤားလေးလိုချင်သဖြင့်ကလေးထပ်ယူခဲ့ကြသည်။ သို့သော်ထိုကိုယ်ဝန်ကား မေမေဖြူပြာလင်းတွင် အဖတ်မတင်ခဲ့။ ဆေးရုံတွင် ခက်ခက်ခဲခဲမွေးဖွားပြီး မေမေဒေါ်ဖြူပြာလင်းအသက်ကိုကယ်ဆယ်နိုင်ခဲ့သော်လည်း မွေးဖွားလာသည့် ကလေးမှာ […]