လူကြီးဖတ်စာ

ရမက် ဒီရေ

ရမက် ဒီရေ ကျွီ … ပွမ်ပွမ်…ပွမ်ပွမ် ” ” ဦးစိုင်းလုံ … တံခါးလာဖွင့်ပါဦး ” ” လာပြီ လာပြီ ဆရာ ” စကားသံနှင့် အတူ ခြံဝင်းအတွင်း လေးထပ်တိုက်ကြီးရှေ့ဘယ်ဘက်ပန်းခြံလေးထဲ အလုပ်ရှုပ်နေသော အသက်၆၀ခန့် လူကြီးတဦးပြေးထွက်လာပြီး ခြံတံခါး လာဖွင့်ပေးလိုက်သည်။အနက်ရောင်ဇိမ်ခံကားကြီးမှာ ခြံထဲ မောင်းဝင်လာရင်း တိုက်ကြီး၏ ဆင်ဝင်အောက်၌ ထိုးရပ်လိုက်သည်။ကားရပ်ပြီး ခဏအတွင်း ဦးစိုင်းမှာ ကားနားရောက်ရှိနေတော့သည်။အသက်ကြီးပေမယ့် ကျမ်မာရေးလိုက်စားသဖြင့် အရွယ်နှင့်မလိုက်အောင် ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်နှင့် ပေါ့ပါးသွက်လက်နေသည်။ ဤတိုက်ကြီး၏ တစ်ဦးတည်းသော လူယုံ ခြံစောင့်ကြီးဖြစ်သည်။ဦးစိုင်းလုံ ကားနားအရောက် ကားပေါ်မှ ခြေသလုံးဖြူဖြူတုတ်တုတ်လေးတဖက်ထွက်လာပြီး အသက်၄၀အရွယ် မိန်းမချောတစ်ယောက်ဆင်းလာတော့သည်။ ” ချယ်လေး … မင်္ဂလာပါ ” ” ဟုတ် … […]