လူကြီးဖတ်စာ

လစ်မစ်

လစ်မစ် “အင်း အခုခေတ်က တော်တော်လေးတော့ ပြောင်းလဲသွားပြီကွ” ယမင်း တယောက် ကိုကိုမျိုးသော်ပြောလိုက်သည့် စကားတပိုင်းတစ အိမ်နောက်ဖက်ဝရံတာမှ ကြားလိုက်ရသည်။ သူ့ယောက်ျား ကိုကိုမျိုးသော်နှင့် သူ့သူငယ်ချင်းအရင်း ကျော်မင်းသန်း တို့ အိမ်နောက်ဖက်ဝရံတာ က ကုလားထိုင်တွေမှာ ထိုင်လို့ ဘီယာသောက်ရင်း စကားပြောနေကြသည်။ ယမင်းက ရေခဲသသေတ္တာထဲမှ ဘီယာပုလင်းသုံးလုံးကို ဆွဲထုတ်လာရင်း သူတို့ စကားဝိုင်းသို့ ဝင်လိုက်လေသည်။ “ဘာတွေ ပြောင်းလဲ သွားတာလဲ ကိုကို” “ဟား အတော်ပဲ ဘီယာကုန်သွားတာနဲ့” ကိုကိုမျိုးသော်က ယမင်းရဲ့ မေးခွန်းကို မကြားချင်ဟန်ဆောင်ပြီး သူ့လက်ထဲက ပုလင်းခွံကို အောက်ချလိုက်ကာ ယမင်းဆီမှ ဘီယာတလုံးကို လှမ်းယူလိုက်လေသည်။ “ကဲ ဒါကတော့ ငါ့ရဲ့ အိပ်မက်နတ်သမီးလေးပဲ၊ ငါတို့ သောက်စရာကုန်သွားတာနဲ့ အချိန်မှီဘီယာတန်းပြီးလာပို့တာပဲလေ ဟဲဟဲ” “ကိုကို […]