လူကြီးဖတ်စာ

လမ်းထိပ်က ဗျူးတီးစလွန်း

လမ်းထိပ်က ဗျူးတီးစလွန်း မိုးကောင်းတာကတစ်ကြောင်း အလုပ်ပါးနေတာလည်းပါတာမို့ နေ့တစ်ပိုင်းနဲ့ ခွင့်ယူပြီး အိမ်ပြန်လာတယ်။ တစ်လမ်းလုံး အုံ့မှိုင်းနေတဲ့ မိုးက အိမ်လမ်းထဲ ဝင်မှ သည်းလာတာမို့ အပြေးတစ်ပိုင်းနဲ့ပဲ ဝင်ခဲ့လိုက်ရတယ်။ အထဲရောက်မှ ရေစို အဝတ်တွေ ပုဆိုးတွေချွတ်လို့ လွတ်လွတ်လပ်လပ် တစ်ယောက်တည်း သပတ်တစ်ထည်ပတ်ထားရင်း ဆေးလိပ်ဖွာကာ အပြင်က သည်းနေတဲ့ မိုးကို ငေးကြည့်နေမိတော့တယ်။ အော် ရန်ကုန်မိုးနဲ့ ရန်ကုန်မြို့ကြီးက နယ်ကနေ ဝမ်းရေးအတွက် အပန်းလေး ရောက်နေသူတွေအဖို့တော့ မျက်နှာသာ အတော်မပေးတဲ့အရာဗျ။ သီဟက နွားထိုးကြီးမြို့သား။ အသိတစ်ယောက်ရဲ့ အကူအညီနဲ့ ဘုရင့်နောင် ပွဲရုံမှာ အလုပ်ဝင်နေတာ။ ရတဲ့လစာနဲ့ ကုန်တဲ့ ကုန်ကျစရိတ် မမျှတာမို့ ဈေးသက်သာတဲ့ အိမ်ငှါးတန်းလျားမှာ ဘဝတူတွေ ၄ယောက်သား ပေါင်းလို့ နေရတဲ့ကိုယ့်အဖြစ်ကို ပြန်တွေးရင်း ဆေးလိပ်ငွေ့တွေ […]