လူကြီးဖတ်စာ

လိုလားနေတာကြာပြီ

လိုလားနေတာကြာပြီ ဒီနေ့လည်း အောင်မိုးခြိမ့် သူ့ရုံးခန်းကို စောစောစီးစီး ရောက်နေတယ် ။ သူ့ထက် စောတာက သူ့တပည့် သိန်းအုပ်ကျော် ။ သူ့ကား ထိုးဆိုက်လိုက်တာနဲ့ သိန်းအုပ်ကျော် ကားဆီကို ပြေးလာတယ် ။ အောင်မိုးခြိမ့်ရဲ့ လက်ဆွဲအိတ်အပြားလေးကို သိန်းအုပ်ကျော်က လှမ်းယူလိုက်တဲ့အချိန် အောင်မိုးခြိမ့်က “ ဒီနေ့ ရှိုင်းတို့အမှု ရုံးချိန်း ရှိတယ် မဟုတ်လား…. တပည့်…” လို့ မေးလိုက်တယ် ။ သိန်းအုပ်ကျော်က ချက်ချင်းဘဲ.. “ ဟုတ်တယ်..ဆရာ…၁၁နာရီ …” လို့ ဖြေလိုက်တယ် ။ ရုံးခန်းပေါ်ကို တက်လာတဲ့အချိန် အောင်မိုးခြိမ့်က “ တပည့်ရေ..ဆရာ့အတွက် ကော်ဖီ ဖျော်တဲ့ အချိန်မှာ အောက်ထပ်ဆိုင်က ဘဲသားမုန့်လေးပါ မှာလိုက်ကွာ.. ဟီး..အိမ်က ဘာမှ မစားခဲ့ရသေးလို့ […]