လူကြီးဖတ်စာ

လွမ်းနေမှာလား

လွမ်းနေမှာလား ဦးကျော်နိုင် နာရီကိုမြောက်ပြီး နာရီကြည့်လိုက်သည်။ ညနေ(၃) နာရီပင်မထိုးသေး။ လက်ထောက်မန်နေဂျာ ခင်မောင်ထူးက သူ့ကား အင်ဂျင်ချတာမပြီးသေးသောကြောင့် မိခင်ဖြစ်သူကို ဆေးခန်းပို့ရန်အတွက် ဦးကျော်နိုင်ရဲ့ ကားကိုအကူအညီတောင်းထားသည်။ အလုပ်ကလဲအရေးတကြီးလုပ်ရန် အလုပ်ကလဲ မရှိတော့သည်ဖြစ်သောကြောင့် တစ်ခါထဲ ရုံးဆင်းတာဘဲ ကောင်းမည်ဟုတွေးကာ ကားကို ခင်မောင်ထူးအား တစ်ခါထဲပင်မောင်းခိုင်းကာ ပြန်လာခဲ့သည်။ ခြံတံခါးရှေ့ရောက်တော့ ဦးကျော်နိုင်က ကားပေါ်မှဆင်းလိုက်ပြီး ခင်မောင်ထူးအား ကားကိုပေးလိုက်သည်။ ထို့နောက် ဦးကျော်နိုင်သည် စေ့ရုံသာစေ့ထားသော ခြံတံခါးကို တွန်းဖွင့်ကာဝင်လာခဲ့သည်။ ခဏမျှလျှောက်လိုက်ပြီး ဦးကျော်နိုင်သည် အိမ်ကိုလှမ်းမြင်လိုက်ရသော အချိန်တွင် စိတ်ထဲမှာ ထိတ်ပြီးသွားရသည်။ အိမ်တံခါးတွင်ခတ်ထားသော သော့ကပွင့်နေပြီး သော့တံက တန်းလန်းဖြစ်နေသည်။ လက်မှနာရီကြည့်ပြီး ဒီချိန်ဆို သားကကျူရှင်မှာပဲရှိဦးမည်။ ခါတိုင်းဆို သူပြန်လာပြီးမှ သားကပြန်ရောက်တတ်သည်။ အခုသူ ခါတိုင်းပြန်နေချိန်ထက်ပင် တစ်နာရီကျော် နှစ်နာရီနီးပါးစေားပြီး ပြန်ရောက်တာဖြစ်တော့ […]